တနင်္ဂနွေနေ့က မြောက်ကိုရီးယားစစ်တပ်အနေဖြင့် ဖျက်အားအလွန်ကောင်းသည့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနို်င်ခဲ့ပါတယ်။ မြောက်ကိုရီးယားရုပ်သံက ဂုဏ်ယူစွာဖြင့် အဆိုပါသတင်းကို တင်ဆက်ခဲ့ပါတယ်။ အဆိုပါ ဖျက်အားအလွန်ကောင်းသည့် ဟိုက်ဒရိုဂျင်ဗုံးသည် ဒုတိယကမ္ဘာစစ်က အမေရိကန်တို့၏နူ့ခ်ဗုံးေတွေထက်ပိုကြမ်းပါတယ်။ အမေရိကန်တို့၏ ဂျပန်နိုင်ငံရှိ မြို့တွေဖြစ်သည့် ဟီရိုရှီးမားနှင့်နာကာဆာကီကို ကြဲခဲ့သည့် ဗုံးတွေထက် ပိုကြမ်းမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်တို့သည် နျူကလီယားဗုံး၂လုံးဖြင့် ဂျပန်ကိုလက်နက်ချရန်ကြဲခဲ့ခြင်းဖြစ်သည်။ ဂျာမနီလူမျိုး သိပ္ပံပညာရှင် အိုင်းစတိုင်း၏ ဖော်မြူလာဖြင့် နျူကလီယားဗုံးကို အမေရိကန်တို့ တီထွင်ခဲ့တာပါ။ အမေရိကန်သည် 1945 သြဂုတ်လ ၆ရက်နေ့တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို Little Boy အမည်ရှိ နုခ်ဗုံးကိုကြဲခဲ့သည်။ ရက်သိပ်မကြာမီ သြဂုတ်လ ၉ရက်နေ့တွင် နာကာဆာကီကို Fat Man အမည်ရှိ နုခ်ဗုံးကို ကြဲခဲ့တာပါ။ 

အဆိုပါ ဗုံး၂လုံးကြောင့် လူဦးရေ ၁သိန်း၃သောင်းကနေ ၂သိန်း၃သောင်းကြား သေကျေခဲ့ရပါတယ်။ ယခုအခါမှာတော့ မြောက်ကိုရိးယားက ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနို်င်ခဲ့တာပါ။ ကျွမ်းကျင်ပညာရှင်တွေ၏အဆိုအရ အဆိုပါဗုံးသည် အရင်ကြဲခဲ့ဖူးသည့် နှူကလီယားဗုံးတွေထက် ပိုကြမ်းနိုင်သည်ဟု ဆိုကြသည်။ ဒါကြောင့် မြောက်ကိုရီးယားရဲ့ ရန်စခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး စစ်ရေးအရ ကြီးကြီးမားမား တုံ့ပြန်သွားမယ်လို့လည်း အမေရိကန်က သတိပေးပြောကြား ခဲ့ပါတယ်။ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ ကလည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ တောင်းဆိုချက်အရ အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Hein (Mg Lu Aye)

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။