(၁) အိပ်ယာ အရင်ရှင်းပါ။ မနက်တိုင်း အိပ်ရာထပြီးတာနဲ့ အိပ်ရာကိုသာ သပ်သပ်ရပ်ရပ်ထားတဲ့ အကျင့်ကို ယနေ့မှစ ပြုုလုပ်လိုက်ပါ။ ဒါဆို နောက်တစ်ခါ သင် ဒီအချက်ကို တကူးတက ပြုလုပ်ရတော့မှာ မဟုတ်ပါဘူး။

(၂) အဝတ်တွေ ခေါက်လိုက်ပါ။ မီးပူတိုက်စရာ ရှိတာဖြစ်ဖြစ်၊ လျှှော်ပြီးသား အဝတ်တွေ ဖြစ်ဖြစ် ပုံနေတာတွေကို ခေါက်လိုက်ပါ။ လျှော်စရာရှိတာတွေကိုလည်း တစ်ခါတည်း အဝတ်လျှော်စက်ထဲ ထည့်လိုက်ပါ။

(၃) အဝတ်ခေါက်ပြီးနောက် အဝတ်အစား အမျိုးအစား ခွဲပြီး ပြန်သိမ်းပါ။ ဥပမာ - အကျင်္ ီ၊ ဘောင်းဘီ၊ အနွေးထည်၊ အပေါ်ထပ် အကျင်္ ီ၊ အတွင်းခံ … စသည်ဖြင့် (နောက်တစ်ခါ အဝတ်အစားရှာတိုင်း ပြန် မပွစေရန် အတွက်ဖြစ်ပါတယ်။)

(၄) ပစ္စည်းသိမ်းရန် နေရာ ရှာပါ။ စီစဉ်ပါ။ (လတ်တလော မသုံးဖြစ်သော အဝတ်အစား၊ ဖိနပ်များ၊ အိမ်တွင်း ပစ္စည်းများကို ထိုနေရာမှာ သိမ်းပါ) အိမ်မှာ ရှိနေတဲ့ နေရာလွတ် ဖြစ်ဖြစ်၊ ထောင့်တစ်ခုခု ဖြစ်ဖြစ် ပစ္စည်းထားဖို့အတွက် နေရာပြုလုပ်ပါ။ အိမ်ရှေ့ ဧည့်ခန်းမဖြစ်ဖို့တော့ အရေးကြီးတယ်နော် ။

(၅) ပွနေရာ အခြားအရာများကိုပါ စုစည်းပြီး သက်ဆိုင်ရာ နေရာသို့ ပြောင်းရွှေ့ထားပါ။ (တစ်ခါတည်း သိမ်းရင်း သပ်သပ်ရပ်ရပ်ထားဖို့တော့ လိုအပ်ပါတယ်။) အဝတ်အစားဆိုရင်လည်း ဘီရိုထဲထည့်ပါ။ အိုးခွက်ပန်းကန်တွေဆိုရင်လည်း တစ်ခါတည်း သိမ်းဆည်းပါ။ စာအုပ်တွေဆိုရင်လည်း စင်ကို တစ်ခါတည်းပို့ပါ။

(၆) စားပွဲခုံကဲ့သို့သော ခုံအပေါ်များတွင် ပစ္စည်းများ မရှိစေရန် ရှင်းလင်းပါ။ မီးဖိုချောင် စားပွဲခုံများနှင့် အခြားသော စားပွဲများကို ပွတ်တိုက် ဆေးကြောပေးပါ။

(၇) မရှင်းလင်းဖြစ်တာ ကြာပြီဖြစ်သော တီဗီပေါ်ရှိ ဖုန်များ၊ ဘီရိုအပေါ်ရှိ ဖုန်များ၊ စာအုပ်စင် ခြားထဲတွင် ရှိနေသော ဖုန်များနှင့် အခြားသော အပေါ်တွင် ရှိနေတတ်သော ဖုန်များကို ရှင်းလင်းပါ။

(၈) ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်အတွင်းရှိ အညစ်အကြေးများကို ဆေးကြောပါ။ ဒါက အသေးစိတ် လုပ်ရပေမဲ့ တကယ်တမ်း ပြုလုပ်မယ်ဆိုရင် နာရီဝက် (သို့မဟုတ်) တစ်နာရီအတွင်း ပြီးစီးနိုင်ပါတယ်။ အချိန်ခဏလေး ပေးရမှာကို မလုပ်ဖြစ်ရင် ဒါတွေ အသုံးပြုတိုင်း သင် စိတ်အနှောင့်အယှက် ဖြစ်နေပါလိမ့်မယ်။

(၉) ကြမ်းတိုက်ပါ။ ဖုန်စုပ်ပါ။ အိမ်က ရှင်းလင်းနေပြီဆိုတော့ ကြမ်းတိုက်ဖို့နဲ့ ဖုန်စုပ်ဖို့ကို ပျင်းလိုက်ရုံနဲ့ သင့် စိတ်ထဲမှာ အရမ်း ဘဝင်မကျဘဲ အိမ်က ညစ်ပတ်နေသလိုမျိုး ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ကြမ်းတိုက်ဖို့နဲ့ ဆိုဖာတွေကို ဖုန်စုပ်ဖို့လည်း မမေ့ပါနဲ့။

(၁၀) ဒီအချိန်လောက်ဆို ပင်ပန်းနေမှာ သိပေမဲ့ ပန်းကန်တွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆေးကြောလိုက်ပါ။ ဒါကတော့ နောက်ဆုံးအချက်ပါပဲ။ ပန်းကန်တွေ ဆေးကြောမှောက်ပြီးနောက် သူ့နေရာနဲ့ သူ ပြန်သိမ်းထားလိုက်ပါ။

ကဲ အခုဆိုရင်တော့ အားလုံး ပြီးပြည့်စုံပြီး သန့်ရှင်းသပ်ရပ်သော အိမ်လေး ဖြစ်သွားပါပြီ။

အရေးကြီးတာ တစ်ခုကတော့ အသုံးမလိုတော့သောပစ္စည်းများကို တခြားသူတွေကို ပေးပစ်ဖို့ (သို့မဟုတ်) စွန့်ပစ်ဖို့ လုံးဝ မနှမြောပါနဲ့။ စဉ်းစားမနေဘဲ အခုချက်ချင်းပဲ အကောင်အထည်ဖော်လိုက်ပါ။

Source: YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။