ယခုလောလောဆယ် ရုံတင်နေပြီဖြစ်တဲ့ ဘွန္တောကြက်သူခိုးဟာ အောင်ရဲလင်း၊ ရွှေမှုန်ရတီတို့ပါဝင်သရုပ်ဆောင်ထားပြီး ဆရာကြီးသော်တာဆွေ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့အပြင် မြန်မာ့ရိုးရာကျေးလက်အကြောင်းကို သေသေချာချာ ဖော်ပြထားတဲ့အတွက်ကြောင့် ရုံမတက်ခင်ပပင် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရခဲ့ပါတယ်။ သို့သော်လည်း ဘန်ကောက်မှ မန္တလေးသို့ဇာတ်ကားကို အကြိုပြပွဲကျင်းပပြီးတဲ့နောက်ပိုင်းမှာတော့....

ဘွန္တောကြက်သူခိုးရဲ့ ထွေလာကို ကြည့်ရှု့သူ သန်းကျော်ခဲ့ပြီး ပေါကားတွေနှင့်မတူဘူးဆိုပြီး ဝိုင်းဝန်းပြောခဲ့ကြတဲ့ ဘွန္တောကြက်သူခိုးဟာ အခုလက်တလောမှာတော့ တိတ်ဆိပ်နေပါတော့တယ်။ ရုံစစတင်ချင်းတုံးကတော့ လူတွေရဲ့ အားပေးမှုကို အလွန်အကျွံ ခံ ခဲ့ရသော်လည်း ဝတ်မှုန်ရွှေရည်၊ နေတိုး၊ စိုင်းစိုင်း နှင့် ထိုင်းမင်းသမီးလေး နန်းခမ်းတို့ပါတဲ့ ဘန်ကောက်မှ မန္တလေးရဲ့ ရုပ်ရှင် အကြိုပြပွဲအပြီးမှာတော့ မည်သည့် ဝေဖန်သံမှ မကြားရတော့ပါ။

ဆရာသော်တာဆွေရဲ့ ဝတ္ထုကို အတိအကျရိုက်ကူးခဲ့ပြီး ဆရာသော်တာဆွေရဲ့ သားချီးကျူးခြင်းကိုပါခံခဲ့ရတဲ့ ဘန္တောကြက်သူခိုးဟာ ဘန်ကောက်မှ မန္တလေးသို့ရဲ့ ရုပ်ရှင်လက်မှတ်ကြိုတင်ဝယ်ယူမှုတွေ CD အလကားပေးမှုတွေအောက်မှာ နစ်မြုပ်လို့သွားခဲ့ပါတော့တယ်။ သို့သော်လည်း အကယ်ဒမီရနိုင်တယ်လို့တော့ပြောနေကြတယ်နော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။