တော်တော်များများကတော့ ထမင်းပေါင်းကိုအပြင်ကနေဝယ်စားကြတာများပါတယ်။ဒါပေမဲ့ သူငယ်ချင်းတွေအိမ်လည်လာပြီး တစ်ခုခုလုပ်စားကြမယ်ဆိုရင်ထမင်းပေါင်းလေးချက်စားကြမယ်ဆိုရင်မဆိုးပါဘူး။ဒါကြောင့်ထမင်းပေါင်းလေးချက်စားရာမှာ အရာသာလည်းရှိလွယ်ကူမယ့်ချက်နည်းလေးကိုဖော်ပြလိုက်ရပါတယ်။

ပါဝင်သောပစ္စည်းများကတော့.

ချက်ပြီးသားထမင်း (ဆန်၁လုံး)

ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှှီးပါ)

ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှှီးပါ)

ငါးဖယ်လုံး – ၅လုံး (Market များတွင်ဝယ်နိုင်သည်)

မုန်လာဥနီ – ၅ကျပ်သား (ပန်းပွင့်လှှီးပါ)

ပြောင်းဖူး အသေး – ၅ကျပ်သား (အပါး စောင်းလှှီးပါ)

ဘိုစားပဲ – ၅ကျပ်သား (အပါး စောင်းလှှီးပါ)

မှို- ၅ကျပ်သား (အပါး စောင်းလှှီးပါ)

ငုံးဥ – ၅လုံး ( ပြုတ်ပြီးသား)

မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)

ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်ပြုတ်ရည် (သို့) ရေ – ၄ခွက်

ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)

ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)

ကြက်သွန်နီ – တဝက် (ထောင်းပါ)

ချက်ပြုတ်နည်းကတော့

ကြက်သားကို ဆား (လက်ဖက်ရည်ဇွန်း တဝက်)၊ ကော်မှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်နုယ်ပေးပါ။ထို့နောက် ဒယ်ထဲသို့ ဆီဆီများများထည့်ကာ ကြက်သားကို အညှိရောင်သန်းလာအောင် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ကြက်သားများကို ဇကာဖြင့် ဆီစစ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ ဇွန်း) ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ (၂မွှာ)၊ ကြက်သွန်နီ တဝက်ထည့် အညှိရောင်သန်းလာသည်အထိ ဆီပူထိုးပေးပါ။ပြီးလျှင် ငါးဖယ်လုံး၊ ကြက်အသဲအမြစ်၊ ပါဝင်သော ဟင်းသီးဟင်းရွက်များကို ၁မိနစ်ခန့် ကြော်ပေးပါ။ ကြက်ပြုတ်ရည် (သို့) ရေကို ထည့်ပြီး မွှေပေးပါ။

ထို့နောက် ကြော်ထားသော ကြက်သား၊ ငုံးဥ၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ ထည့်ကာ ဟင်းရွက်များ နူးလာသည်အထိ မီးပြင်းပြင်းဖြင့် တည်ထားပါ။ ပြီးလျှင် အပေါ့အငံ မြည်းကြည့်ပါ။အပေါ့အငံ အနေတော်ပါက ပုံတွင်ပါသည့်အတိုင်း မီးပြင်းပြင်းဖြင့် ရေကို များများအနေထားတွင် ဖျော်ထားသော ကော်ရည်ကို ထည့်မွှေပေးပါ။မှတ်ချက်။ ။ ကော်ရည်သည် မပျစ်မကျဲအနေထားတွင် ရှိနေရမည်။ ကော်ရည် အရမ်းပျစ်သွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။ ကော်ရည် ကျဲနေလျှင် ကော်မှုန့်အနည်းငယ်ဖျော်ကာ ထည့်ပေးပါ။ထို့နောက် ထမင်းပူပူကို ပန်းကန်လုံးထဲထည့်ကာ ထမင်းစားပန်းကန်ပြားထဲသို့ မှောက်ထည့ပေးပါ။ ပြီးလျှင် ကြော်ထားသော ဟင်းရွက်များကို ထမင်းပေါ်သို့ လောင်းပေးပါ။အခုဆိုရင် ပူပူနွေးနွေးနဲ့ ထမင်းပေါင်းကို အဆင်သင့် စားသုံးနိုင်ပါပြီ။

သတင်းအရင်းအမြစ်-စားကြမယ် ၊ချက်ကြမယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။