အာလူးကိုပုံစံအမျိုးမျိုးပြုလုပ်ပြီး စားတတ်ကြပါတယ်။ ဟင်းအဖြစ်ချက်စားကြသလို အာလူးကြော်ကိုလည်း သရေစာအဖြစ် စားသုံးကြပါတယ်။ အာလူးစားပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပြီး သွေးပေါင်ချိန်မြင့်တတ်ခြင်း၊ သွေးပေါင်ချိန်အတတ်အကျကို ထိန်းထားပေးနိုင်ပြီး သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ အာလူးမှာ ကယ်လိုရီ၊ ပရိုတိန်း၊ ပိုတက်စီယမ်၊ ဗီတာမင်၊ ဆိုဒီယမ် အစရှိတဲ့ ဓာတ်များပါဝင်တာကြောင့် အာလူး စားပေးခြင်းဟာ ကျန်းမာရေး အတွက်လည်း ကောင်းမွန် စေပါတယ်။ 

၁။ အာလူးမှာသွေးနီဥများစွာထုတ်လုပ်ပေးနိုင်တဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်တာကြောင့် သွေးအားကောင်းစေပါတယ်။

၂။ အာလူးဟာရောင်ရမ်းမှုတွေကို သက်သာစေတဲ့အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ အာလူးကိုအခွံမနွှာဘဲ ပါးပါးလှီးကာ ပေါင်းခံရည်ထဲမှာစိမ်ပြီး နံနက်တိုင်း အစာမစားမီသောက်ပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

၃။ အာလူးအစိမ်းကိုပါးပါးလှီးကာ အရေပြားပေါ်မှာကပ်ပေးခြင်းဖြင့် အရေပြားနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အနီကွက်အဖုအပိမ့်များထခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းနဲ့ အသားရေခြောက်သွေ့ခြင်းမှ ကင်းဝေးစေပါတယ်။

၄။ အာလူးပြုတ်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းမရှိစေနိုင်တဲ့အပြင် လိပ်ခေါင်းရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ အာလူးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အစာအိမ်ရောင်နာ၊ အူမရောင်နာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ကို သက်သာစေနိုင်ပါတယ်။ အာလူးဖျော်ရည်ကိုတစ်နေ့လျှင် (၃) ကြိမ် (သို့) (၄) ကြိမ်လောက် ရေဖန်ခွက်ထက်ဝက်ခန့် အနည်းဆုံးတစ်လကြာသောက်ပေးသင့်ပါတယ်။

၆။ အာလူးမှာပိုတက်ဆီယမ်ဓာတ်ပါရှိတာကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး သွေးပေါင်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

၇။ အာလူးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အရိုးအဆစ်ရောင်ရမ်းနာ၊ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၈။ အာလူးဖျော်ရည်ဟာ Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း (Rheumatoid Arthritis) ကိုသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်ကိုလည်း ပြေစေနိုင်ပါတယ်။ အာလူးအစိမ်းကိုဖျော်ရည်လုပ်ပြီး နေ့စဉ်အစာမစားမီ လက်ဖက်ရည်ဇွန်း 2 ဇွန်း သောက်ပေးသင့်ပါတယ်။

၉။ အာလူးကိုပါးပါးလှီးကာ မျက်လုံးပေါ်မှာကပ်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျမှုကြောင့်ဖြစ်ပေါ်စေတဲ့ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ 

Source -ကျန်းမာရေး ဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။