တော့တီဟမ်စပါးတိုက်စစ်မှူး ဟယ်ရိကိန်းကတော့ တကယ်ကို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ ဟယ်ရိကိန်းက လက်ရွှေးစင် အင်္ဂလန်အတွက်လည်း အကောင်းဆုံး ခြေစွမ်းများပြသထားနိုင်သူပါ။ ဟယ်ရီကိန်းအနေနှင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားမှာ ၂နှစ်ဆက်တိုက် ရွှေဖိနပ်ဆုရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မော်လ်တာနှင့်ပွဲမှာ ၂ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဟယ်ရီကိန်းကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်နှင့် နာမည်ကျော်တိုက်စစ်ကသမားဟောင်း နစ္စတယ်ရွိုင်းတို့က ချီးကျူးစားဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ရီးရဲယ်မက်ဒရစ်တိုက်စစ်မှုးဟောင်းရူ့ဗန်နစ္စရွိုင်းကဟယ်ရီကိန်းရဲ့ဂိုးသွင်းစွမ်းရည်နဲ့ဦးဆောင်မှုတွေကိုချီးကျူးလိုက်ပါတယ်။ ဟယ်ရီကိန်းနဲ့ပက်သက်ပြီးနစ္စတယ်ရွိုင်းက "ဟယ်ရီကိန်းဟာကြီးကြယ်တဲ့ဖရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ပြီးကိုယ့်ဆီကနေအမြင့်ဆုံးစွမ်းရည်တွေရရှိအောင်အလုပ်ကြိုးစားသူပါ။ သူဒါကိုကွင်းထဲမှာပြသခဲ့ပါတယ်။ စပါးအတွက်ဆိုရင်လည်းသူဟာကြီးကြယ်တဲ့ကစားသမားသာမကခေါင်းဆောင်ကောင်းတစ်ဦးပါ။ ဒါဟာအင်္ဂလန်အတွက်အလွန်ကောင်းမွန်ပါတယ်။ ဒါ့အပြင်သူဟာအံ့ဖွယ်ဂိုးသွင်းစွမ်းရည်ကိုပိုင်ဆိုင်ထားသူပါ။ကိန်းဟာသန်မာအားကောင်းတဲ့နံပါတ်ကိုးတိုက်စစ်မှုးစစ်စစ်ဖြစ်ပြီးအသင်းလိုက်စုစည်းတဲ့ကစားပုံမှာအလွန်အရေးပါတဲ့သူပါ။" လို့ချီူးကျူးသွားပါတယ်။ 

ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဂာရက်ဆောက်ဂိတ်က " ကျွန်တော် ဟယ်ရီကိန်းကို အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ သူ ( ဟယ်ရီကိန်း) အသက် ၂၁ နှစ်မပြည့်ခင်တည်းက ကျွန်တော်နဲ့အတူလက်တွဲခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းဟာဘယ်အခြေနေမှာပဲဖြစ်ဖြစ်အသင်းအတွက်ပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်အောင် ပံပိုးပေးနိုင်သူဖြစ်ပါတယ်။ အသက် ၂၄ နှစ်ပဲရှိသေးတဲ့ ကစားသမားတစ်ယောက်ဆီက ဒီထက်သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့လာရမှာပါ " လို့ပြောခဲ့ပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။