ထူးဆန်းဒါတွေကတော့ တစ်ရက်ပြီးတစ်ရက် မရိုးနိုင်အောင်ပါပဲ။တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာကောင်းတဲ့အပြုအမူပါ။ဒီအဖြစ်အပျက်လေးကိုတော့ နယူးဇီလန်နိုင်ငံသား Jamie Grainger ဆိုသူ က သူ့၏သူငယ်ချင်းနဲ့ယခုလိုလောင်းကစားပြုလုပ်ခဲ့တာဖြစ်ပါတယ်။Jamie Grainger ဟာ သူရဲ့သူငယ်ချင်းဖြစ်သူ Aurel နဲ့ အလောင်းအစားတစ်ခု ပြုလုပ်ခဲ့တာဖြစ်ပြီး ဘောင်းဘီမပါပဲ ပျားအုံပေါ်မှာ စက္ကန့်သုံးဆယ်အတိ ထိုင်နိုင်တယ်ဆိုရင် နယူးဇီးလန်ဒေါ်လာတစ်ထောင်ပေးဖို့ စိန်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ 

သူတို့သူငယ်ချင်းတွေဟာတော့ ယခုလို ပေါက်ကရပြိုင်ပွဲလေးတွေ ပြုလုပ်တဲ့အကျင့်တွေရှိကြပါတယ်။သူတို့ သူငယ်ချင်းကြားမှာ ပက်ကျိတွေ ဝက်ဝှေးစေ့တွေနဲ့ ငါးအရှင်တွေရဲ့မျက်လုံးတွေကို စားနိုင်မနိုင် အလောင်းအစားလုပ်လေ့ရှိသူတွေလည်းဖြစ်ပါတယ်။ယခုအခါလည်း ပျားအုံပေါ်မှာ ဘောင်းဘီမပါပဲ ထိုင်နိုင်မလားဆိုတာလောင်းခဲ့ကြတာဖြစ်ပါတယ်။Aurelဘက်ကစတင်စိန်ခေါ်ခဲ့တာလို့လဲသိရပါတယ်။

သူတို့သူငယ်ချင်းတွေထဲကတစ်ယောက်က ပထမဦးဆုံးယှဉ်ပြိုင်ခဲ့ပြီး ၁၉စက္ကန့်သာ ပျားအုံပေါ်မှာထိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ Jamie ကတော့ ပြိုင်ပွဲစည်းကမ်းအတိုင်း သုံးဆယ်စက္ကန့်အထိပျားအုံပေါ်မှာထိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ပြိုင်ပွဲအောင်နိုင်ခဲ့သူ Jamieကတော့ နယူးဇီလန်ဒေါ်လာတစ်ထောင်(အမေရိကန်ဒေါ်လာ၆၅၀)ရရှိသွားခဲ့တယ်လို့သိရပါတယ်။ရရှိခဲ့တယ့်ငွေတွေကြောင့် အောင်နိုင်သူJamieဟာ မင်္ဂလာဆောင်ဖို့အတွက် စရိတ်ရရှိသွားခဲ့တယ်လို့လည်း သိရပါတယ်။

သတင်းအရင်းအမြစ်-သစ်ထူးလွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။