“Star Wars Shadow Trooper Bluetooth Speaker” (£39.99)

ဒီဇိုင်း၊ကာလာ၊အနေအထားကတော့StarWarsပရိသတ်တွေအတွက်လုံးသအကြွေပါပဲ။ကြည့်လိုက်ရုံနဲ့ကြွနေတဲ့အသွင်အပြင်ကနှစ်လိုဖွယ်ရာဖြစ်စေပါတယ်။Bluetooth စနစ်သုံးစပီကာဖြစ်တာကြောင့် စမတ်ဖုန်းနဲ့ချိတ်ဆက်တွဲဖက် အသုံးပြုနိုင်ပါတယ်။ အသံအရည်အသွေးကောင်းမွန်ပြီးအားကိုတော့ကြိုတင် သွင်းထားရမှာပါ။ တကယ်လို့ကိုယ်စက်ကBluetoothစနစ်အထောက်အပံ့မပါရင်လည်းကေလ်ဘယ်ကြိုးနဲ့ချိတ်ဆက်တွဲဖက်ဖွင့်နိုင်ပါတယ်။ဒီဇိုင်းပိုင်းအရအသံကိုအောက်ကနေထွက်ပေါ်မှာဖြစ်ပြီးသွားလေးရာယူဆောင်ကာဖွင့်နိုင်ပါတယ်။

“PowerUp 3.0” (£39.99)

စာရေးသူတို့ငယ်ရွယ်စဉ်အချိန်အခါတုန်းကဆော့ကစားဖူးတဲ့စက္ကူလေယာဉ်လေးကိုမှတ်မိကြလား။အခုလည်းစက္ကူလေယာဉ်အသွင်နဲ့ဆိုတော့ဘာလေးများပါလိမ့်။Bluetoothနဲ့ချိတ်ဆက်ကာအဝေးဆီလွှင့်ပျံစေတဲ့ဒရုန်းလေယာဉ်အသေးစားလေးပါ။ဒရုန်းစစ်စစ်တော့မဟုတ်ပါဘူး။လေထဲမှာ၀ဲပျံနိုင်သလိုစမတ်ဖုန်းကနေတစ်ဆင့်အဝေးကနေထိန်းချုပ်နိုင်ပါတယ်။(၁၀)မိနစ်ကြာလေထဲဝဲပျံချိန်ရပါတယ်။ကြိုတင်အားသွင်းဖို့လိုအပ်သလိုပေါ့ပါးမှုရှိတဲ့လေယာဉ်ပျံလေးပါ။Androidစနစ်သုံးစမတ်ဖုန်းဖြစ်စေiOSစနစ်သုံးစမတ်ဖုန်းဖြစ်စေနှစ်လိုရာစမတ်ဖုန်းနဲ့ချိတ်ဆက်တွဲဖက်အသုံးပြုနိုင်ပါတယ်။လေယာဉ်တည်ဆောက်မှုပုံစံအရလေကိုခွင်း အဝေးပြေး ပျံသန်းနိုင်လို့ ပစ္စည်းအဆန်းလေးတွေ ကြိုက်သူတွေအတွက်တော့ စိတ်ဝင်စားဖွယ်ပစ္စည်းလေးပါ။

“Bluetooth Hat” (£29.99)

ရှာရှာဖွေဖွေဖန်တီးထားတဲ့ပစ္စည်လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဲ့တာကတော့Bluetoothစနစ်အထောက်အပံ့ပါ၀င်တဲ့ခေါင်းဆောင်းဦးထုတ်လေးပါ။ဖက်ရှင် လည်းကျသလိုနည်းပညာသုံးပစ္စည်းဖြစ်နေလို့ လူငယ်တွေအကြိုက် ဖြစ်မှာပါ။နွေးနွေးထွေးထွေးရှိသလိုနားကျပ်အသွင်နဲ့ပါနားထောင်နိုင်ပါတယ်။ တကယ်လို့ဖုန်းလာရင်လည်းဖုန်းကိုကိုယ်တွယ်စရာမလိုဘဲဦးထုတ်ဆောင်းရင်းနဲ့ စကားပြောနိုင်ပါတယ်။ဦးထုတ်ကို ကြိုတင်အားသွင်းဖို့တော့လိုအပ်ပါတယ်။ရောင်းချတဲ့ ကုမ္ပဏီကတော့ (၂)နှစ် အပြည့်အဝ အာမခံပေးပါတယ်။မီးလေးပါတော့ လုံးဝအလွှင့် ဦးထုတ်စတိုင် အသစ်ပေါ့။

Aung

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။