မနက်ကယှဉ်ပြိုင်ကစားသွားတဲ့ ဂျာမနီအသင်းနဲ့နော်ဝေးအသင်းပွဲစဉ်မှာ အိမ်ရှင် ဂျာမနီအသင်းက နော်ဝေးအသင်းကို ဂိုးဒါစင်ဝက်ဖြစ်တဲ့ ၆ ဂိုး ၀ ဂိုး နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းဟာ အုပ်စုပွဲစဉ်အတွင်း ရံှူးပွဲမရှိပဲ ရာနူန်းပြည့်အနိုင်ရလဒ်ကြောင့် ရမှတ် ၂၄ နဲ့ အဆင့် ၁ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။နောက်တစ်ဆင့်တတ်ရောက်ရမယ့်အသင်းတွေထဲမှာ ဂျာမနီအသင်းလည်း ပါဝင်ခဲ့ပြီ ဖြစ်တာလည်းဖြစ်ပါတယ်

ဂျာမနီအသင်းဟာ အဓိကကစားသမားတွေကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ တီမိုဝါနာ ကိုအထောင်တိုက်စစ်မှာ နေရာထားကာ သောမက်မူလာ၊ဒရက်ဇလာ၊ အိုဇေလ်း ၊ တိုနီကရူး အစရှိတဲ့ကစားသမားတွေကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။နော်ဝေးအသင်းဟာ ဂျာမနီအသင်းကို အဘက်ဘက်မှာမယှဉ်နိုင်ခဲ့တာကြောင့် ဂျာမနီကစားကွက်အောက် ရရှိခဲ့ကာ ခုလိုဂိုးပြတ်ရံှူးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်

ဂျာမနီအသင်းရဲ့အဖွင့်ဂိုးကိုတော့ ကွင်းလယ်လူ အိုဇေလ်းက ၁၀ မိနစ်မှာပဲ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယဂိုးကိုတော့ ၁၇ မိနစ်မှာ ဒရက်ဇလာကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂၁ မိနစ်နဲ့ မိနစ် ၄၀ မှာ တီမိုဝါနာကနှစ်ဂိုးဆက်သွင်းယူခဲ့တာကြောင့် ဂျာမနီအသင်းဟာ ပထမပိုင်းပွဲပြီးဆုံးခါနီးချိန်မှာ ၄ ဂိုးပြတ်သွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းစလို့ မိနစ် ၅၀ မှာပဲ ဂေါရက်ကာက ၅ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။၇၉ မိနစ်မှာတော့ မာရီယိုဂိုးမက်က ဂျာမနီအသင်းအတွက်နောက်ဆုံး ဂိုးကို သွင်းယူသွားပေးခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။