မနက်ကယှဉ်ပြိုင်ကစားသွားတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့စလိုဗက်ကီးယားပွဲစဉ်မှာ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။အုပ်စုအတွင်း အင်္ဂလန်အသင်းဟာ သရေပွဲနှစ်ပွဲသာရှိခဲ့ပြီး ရံှူးပွဲတွေ့ကြုံခဲ့ခြင်းမရှိခဲ့တာကြောင့် ရမှတ် ၂၀ နဲ့ အဆင့် ၁ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။အုပ်စုဒုတိယနေရာကို စလိုဗက်ကီးယား ၊ဆလိုဗေးနီးယား၊စကော့တလန် အသင်းတို့က နောက်တစ်ဆင့်တတ်ဖို့အတွက် ယှဉ်ပြိုင်ကြရအုံးမှာလဲဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ အိမ်ကွင်းမှာ အနိုင်ရလဒ်ကို စွမ်းဆောင်ဖို့လိုအပ်ခဲ့တာကြောင့် ပွဲထွက်လူစာရင်းမှာ ဟာရီကိန်းကို အထောက်တိုက်စစ်မှုးနေရာတွင်အသုံးပြုကာ ချန်ဘာလိန် ၊ အလီ၊ ရက်ဖို့စ် တို့ကို ကွင်းလယ်နဲ့တောင်ပံမှာ အသုံးပြုဖို့ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ဆလိုဗက်ကီးယားအသင်းကတော့ အုပ်စုအဆင့်ကတတ်မြောက်ဖို့အမှတ်လိုအပ်နေတာကြောင့် ဒီနေ့ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဟမ်ဆစ် ၊စကာတယ်၊ ဝစ်ဆ် ၊ဟိုဘိုကန်၊ နီမက်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းစလို့ ၃ မိနစ်မှာပဲ ဆလိုဗက်ကီးယားကစားသမား လိုဘော့ကာက အဖွင့်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။အင်္ဂလန်အသင်းအတွက် ချေပဂိုးကို တော့ ၃၇ မိနစ်မှာပဲ အဲရစ်ဒိုင်ယာ က သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းသရေရလဒ်နဲ့ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းပြန်စလို့ ၅၉ မိနစ်မှာပဲ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကို ရက်ဖို့စ်ကသွင်းယူပေးခဲ့တာလည်းဖြစ်ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။