လူပြည့်ကျပ်မှု နဲ့ ဘတ်စ်ကား စောင့်စားရသောအချိန်များ လျော့ကျသွားကြောင်း အာဏာပိုင်အဖွဲ့ ပြောကြား

စက်တင်ဘာလ ၄ ရက် တနင်္လာနေ့မှာ စင်ကာပူကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Land Transport Authority [LTE]) က လွန်ခဲ့တဲ့ တစ်နှစ်ကျော်အချိန်က ကူးပြောင်းခဲ့သော ပုံစံသစ်အရ စင်ကာပူနိုင်ငံမှာ ရှိတဲ့ အများပြည်သူသုံး ဘတ်စ်ကားအများစုဟာ စီးနင်းသူများပြားသောအချိန်များ တွင် စောင့်စားရတဲ့အချိန်များ လျော့နည်းလာပြီး လူပြည့်ကျပ်မှု လည်းလျော့နည်းလာကြောင်း ပြောဆိုခဲ့ပါတယ်။

သယ်ယူပို့ဆောင်ရေး ကဏ္ဍအနေနဲ့ လွန်ခဲ့တဲ့ နှစ် စက်တင်ဘာလတုန်းက ပုံစံသစ်ကို အပြည့်အဝ ကူးပြောင်းပြီးနောက် ၀န်ဆောင်မှု ၁၄၄ ခု အတွက် နောက်ထပ် ဘတ်စ်ကား ၉၆ စီးကို ထပ်မံတိုးဖြည့်နိုင်ခဲ့ပါတယ်။ ၀န်ဆောင်မှုအသစ် ၁၀ ခု ကိုလည်း တိုးဖြည့်နိုင်ခဲ့ပြီး ဒီနှစ်ကုန်မှာ နောက်ထပ် ၀န်ဆောင်မှု ၄ ခု ပေးဖို့လည်းရှိနေပါတယ်။

ရလဒ်အနေနဲ့ ဘတ်စ်ကား ၀န်ဆောင်မှုှု ရဲ့ ၄ပုံ ၃ပုံ ဟာ လူစီးချိန်အများဆုံးအချိန်များမှာ လူပြည့်ကျပ်မှု လျော့နည်းသွားပါပြီ လို့ ထိုအဖွဲ့ကဆိုပါတယ်။ စောင့်စားချိန် ကိုလည်း ၁၅မိနစ်ထက် မပိုစေရန် အချိန်ဇယားဆွဲထားပြီး ထက်ဝက်ကျော်လောက်ကတော့ စောင့်စားချိန် ၁၀မိနစ် သို့ ၁၀မိနစ် အောက် ဖြစ်စေရန် အချိန်ဇယားဆွဲထားပါတယ်။

ခရီးသည်များလိုအပ်တဲ့အချိန် ပြေးဆွဲ ပေးတယ့် ၀န်ဆောင်မှု ဟာလည်း ၆ မိနစ် ကနေ ၈ မိနစ်ကြား ကြာချိန်အတွင်းမှာ ပြေးဆွဲနေပါတယ်လို့ ယင်းအဖွဲ့က ဆိုပါတယ်။ ဘတ်စ်ကားဝန်ဆောင်မှု အသစ် ၁၄ခု ကိုလည်း Ang Mo Kio, Bedok, Bishan, Bukit Batok, Bukit Panjang, Hougang, Punggol, Sembawang, Sengkang, Tampines, Toa Payoh, Tuas, Whampoa and Yishun, စတဲ့ စင်ကာပူနိုင်ငံ ရဲ့ ဧရိယာတွေမှာ ချိတ်ဆက်မှု ပိုကောင်းစေရန် အဆင့်မြှင့်တင်ထားကြောင်း အာဏာပိုင်အဖွဲ့ကဆိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှု ပေးရန်အတွက် အစိုးရ အနေနဲ့ နောက်ငါးနှစ်တာကာလ အတွင်း စင်ကာပူ ဒေါ်လာ ၄ ဘီလီယံ နီးပါးကို ထောက်ပံ့ပေးသွားမှာဖြစ်တယ် လို့ပြောကြားထားပါတယ်။

source: channelnewsasia (Less crowding, shorter wait times since move to bus contracting model: LTA)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။