အရှင်ဘုရားတို့ ၏ဆုံးမစကားတွေဟာ ဘဝအတွက်အမှန်တရားအတွက် အသိပညာအတွက် အလင်းရောင်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။တခါတခါစကားတခွန်းကြောင့်အသိတရားရပြီး အမှားတွေကိုမလုပ်ဖြစ်တော့တာတွေလည်းရှိပါတယ်။ဒါကြောင့်မို့အရှင်ဘုရားတို့ရဲ့တန်ဖိုးရှိတဲ့ဆုံးမစကားတွေကိုတင်ပြလိုက်ရပါတယ်။ 

ဆရာတော်ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

♦ အကောင်းဆုံး

ဘာသာတရားရှိတဲ့နိုင်ငံ၊

အကောင်းဆုံး ဘာသာတရားကို

ကိုးကွယ်အရှင်ဘုရားတို့ ၏ဆုံးမစကားတွေဟာ ဘဝအတွက်အမှန်တရားအတွက် အသိပညာအတွက် အလင်းရောင်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။တခါတခါစကားတခွန်းကြောင့်အသိတရားရပြီး အမှားတွေကိုမလုပ်ဖြစ်တော့တာတွေလည်းရှိပါတယ်။

ဒါကြောင့်မို့အရှင်ဘုရားတို့ရဲ့တန်ဖိုးရှိတဲ့ဆုံးမစကားတွေကိုတင်ပြလိုက်ရပါတယ်။

သူများတဲ့ နိုင်ငံဖြစ်ပါလျက်

ဘာကြောင့်

အောက်တန်းကျနေရတာလဲ ဆိုတော့

ဘာသာဝင်တွေရဲ့ အသိမှာ

တရားဓမ္မစိတ် မကိန်းလို့ပါပဲ။

♦ တရားရဲ့ အဆုံးအမကို

လိုက်နာကျင့်သုံးခြင်း

မရှိကြလို့ပါပဲ။

♦ တရားဓမ္မနဲ့ မနီးကြတော့

အဓမ္မတရားနဲ့

နီးစပ်သွားကြတာကြောင့်ပါပဲ။

♦ ဗုဒ္ဓဘာသာဝင်လို့ ပြောတယ်။

ဗုဒ္ဓရဲ့ အဆုံးအမကိုကြတော့

လေးစားလိုက်နာ ကျင့်သုံးမှုက

အလွှာတိုင်းမှာ အားနည်းနေတာ၊

အဓမ္မရဲ့ အလိုကျ

မဟုတ်တာကြံ၊ မဟုတ်တာပြော၊

မဟုတ်တာ လုပ်နေကြတာကြောင့်

မဟုတ်တာတွေ ဖြစ်နေကြရတာ။

♦ ပါးစပ်က ဘုရားဘုရား၊

လက်ကရော အလုပ်ကရော

ကားကားယားယား ဖြစ်နေကြသူတွေ

များလာတာဟာ မကောင်းဘူး။

♦ နေ့စဉ်နဲ့အမျှ

ကိုယ်ချင်းစာတရားတွေ ခန်းခြောက်နေပြီး

ကိုယ်ကျိုးအတ္တအတွက်

အဓမ္မအမှုပဲ ကျူးလွန်နေကြတာ၊

တရားနဲ့ဝေးတော့ အဓမ္မနီးလာသလို

ဒယ်အိုး ရောက်မယ့်သူတွေက

များလာနေတယ်။ သတိထားကြပါတော့။

♦ မဟုတ်တာ၊ မမှန်တာ၊

မကြံကြပါနဲ့တော့၊ မလုပ်ကြပါနဲ့တော့၊

ပါးစပ်တစ်ပေါက် ဝမ်းတစ်ထွာအတွက်

ကြည့်ပြီး အရှက်အကြောက်ကင်းမဲ့စွာ

မဟုတ်တာ၊ မမှန်တာ

လုပ်နေကြသူတွေဟာ သေချာပါတယ်။

ဒယ်အိုးစာတွေပါပဲ ….။

သီတဂူဆရာတော်ဘုရားကြီး

ဒေါက်တာအရှင်ဉာဏိဿရ

(သီတဂူအဆိုအမိန့်များ မှ)

ဘဝပြဿနာ ဖြေရှင်းမယ်ဆိုရင်

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

♦ အမှန်တရား

မသိသမျှ …

ငြိမ်းချမ်းရေး ဆိုတာ

မရနိုင်ဘူး …

အမှန်တရားကို

သိမှ …

လူ့ဘဝ ပြဿနာအားလုံး

ဖြေရှင်းလို့ရတယ် …..။ 

သီတဂူဆရာတော်ဘုရားကြီး

ဒေါက်တာအရှင်ဉာဏိဿရ

(သီတဂူအဆိုအမိန့်များ မှ)

ဘဝပြဿနာ ဖြေရှင်းမယ်ဆိုရင်

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

♦ အမှန်တရား

မသိသမျှ …

ငြိမ်းချမ်းရေး ဆိုတာ

မရနိုင်ဘူး …

အမှန်တရားကို

သိမှ …

လူ့ဘဝ ပြဿနာအားလုံး

ဖြေရှင်းလို့ရတယ် …..။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

(တို့လည်းလိုက်မယ် ချန်မထားနဲ့ စာအုပ်မှ)

အာမချောင်ပါနဲ့

♠♠♠♠♠♠♠♠♠♠♠♠

♦ ရဟန်းသံဃာတွေနဲ့ ပတ်သက်

ဆက်ဆံနေသူတိုင်းလည်း

သိသင့်တယ်။

မိသားစုအချင်းချင်း၊

မိတ်ဆွေအချင်းချင်း ပတ်သက်

ဆက်ဆံနေသူတိုင်းလည်း

သိသင့်တယ်။

ကိုယ် တကယ်

တာဝန်မယူနိုင်ဘဲနဲ့

ဘာကိုမှ အလွယ်တကူ

အာမ, မခံမိဖို့ပေါ့။

♦ အာချောင်ရင်

အောင်ချာမယ်။

`အောင်ချာမယ်` ဆိုတာ

အောင်မြင်မှု ချာသွားမယ်၊

ပြည့်စုံမှု ညံ့ဖျင်းသွားမယ်၊

အကျိုးပေး နိမ့်ကျသွားမယ်လို့

ပြောတာပါ။

♦ အာချောင်ရင်

အရင်းရှုံးလိမ့်မယ်၊

အရင်းပြုတ်လိမ့်မယ်လို့သာ

မှတ်ပေတော့နော် ….။ 

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

ပေးနိုင်တဲ့စိတ်

♦♦♦♦♦♦♦♦♦♦♦♦♦

♣ အဆင်ပြေအောင် စိတ်ချမ်းသာအောင်

ရေရှည် နေသွားချင်တယ်ဆိုရင်

သူတစ်ပါးရဲ့ လိုအပ်ချက်ကို

အမြဲတမ်း ထည့်စဉ်းစားပေးဖို့ လိုတယ်။

♦ ကိုယ် ဘာလိုအပ်တယ် ဆိုတာလည်း

ကိုယ့်ဟာကိုယ် သိဖို့လိုတယ်။

ကိုယ်လိုတာကိုလည်း ရအောင်လုပ်ပါ။

နည်းမျိုးစုံနဲ့ လုပ်ပါ။

ကောင်းတဲ့နည်းနဲ့ လုပ်ပါ။

သူများ လိုအပ်တာကိုလည်း ပေးပါ။

♣ သူတစ်ပါးရဲ့ အလိုဆန္ဒကို

ဖြည့်ဆည်းပေးလိုက်တာဟာ

ကိုယ့်မှာ ရှုံးသွားတာ မဟုတ်ဘူး၊

ကိုယ့်ရဲ့ သဘောထားကြီးမှု

ကိုယ့်ရဲ့ မြင့်မြတ်မှုကို ပိုပြီးတော့

အကောင်အထည် ဖော်လိုက်ရတာ။

သိပ်ကျေနပ်စရာ ကောင်းတယ်။

♣ ဒါကြောင့်

သူတစ်ပါးကို လိုက်လျောရတာဟာ

ရှုံးတာ မဟုတ်ပါဘူးနော်။

အမှန်တော့ မြတ်တာပါ။

ရှုံးတာလည်း မဟုတ်ဘူး၊

နိုင်တာလည်း မဟုတ်ဘူး၊

မြတ်သွားတာ ….။

အေးချမ်းသာယာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ..............

သတင်းအရင်းအမြစ်-နိဗ္ဗာန်ဆော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။