မြန်မာအသင်းကာဂျစ်ကနေတစ်ဝက်ပြန်ရောက်တစ်ဝက်ကျန်နေသေး

အကြမ်းဖက်မှုအန္တရာယ်ကြောင့်မြန်မာနဲ့ကာဂျစ္စတန်

တို့ရဲ့အာရှဖလားခြေစစ်ပွဲကိုဖျက်သိမ်းခဲ့ပါတယ်၊

ဒီခြေစစ်ပွဲကိုကာဂျစ်ဝန်ကြီးချုပ်ဆာပါအီဆာကော့ဗ်က

ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးအာရှဘောလုံးအဖွဲ့ချုပ်

AFCကလည်းသဘောတူလက်ခံခဲ့ပါတယ်။ကာဂျစ်

ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆူတန်နော့ဗ်ကတော့ဒီခြေစစ်ပွဲ

ကိုကြားကွင်းမှာကျင်းပမယ်လို့ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းဟာလုံခြုံရေးအရဘစ်ရှက်လေဆိပ်သို့အသွားမှာအသင်းဂျာစီကိုတောင်ဝတ်ဆင်ခဲ့ခြင်းမရှိပါဘူး။

ရဲကားတွေခြံရံပြီးမြန်မာအသင်းစီးနင်းလာတဲ့

ဘတ်စကားဟာလေဆိပ်ကိုတော့ချောမွေ့စွာ

ရောက်ရှိလာခဲ့ပါတယ်။ထူးခြားမှုတစ်ခုက

အမြဲတမ်းပျော်ပျော်ရွှင်ရွှင်စနောက်နေတတ်တဲ့

မြန်မာအသင်းသားတွေဟာကားပေါ်မှာ

အပ်ကျသံမကြားရအောင်တိတ်ဆိတ်နေခဲ့တာပါပဲ။

သူတို့မျက်နှာများပေါ်တွင်စိုးရွံ့မှုများအထင်းသား။

သီဟထက်အောင်ကဆိုရင်မြန်မာပြည်ကိုမြန်မြန်ပြန်ချင်တယ်

လို့တောင််ပြောပြပါတယ်။ဒါပေမယ့်မြန်မာအသင်းသားတွေဟာ

အကုန်လုံးပြန်ခွင့်မရသေးပါဘူး။မြန်မာဘောလုံးအဖွဲ့ချုပ်

CEOအပါအဝင်19ဦးသည် Air Line System Errorကြောင့်

ဘစ်ရှက်တွင်ကျန်နေခဲ့တယ်။အောင်သူ၊ဒေးဗစ်ထန်တို့ပါဝင်သောပထမအသုတ်သည်ဒီနေ့ရန်ကုန်

ရောက်မည်ဖြစ်ပြီးသန်းပိုင်၊သီဟစည်သူတို ့ကျန်နေရစ်

ခဲ့ပါတယ်။ကျန်နေခဲ့သူတွေဘေးကင်းအောင်ဆုတောင်း

ပေးကြပါဦး။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။