ပြည်သူချစ်အနုပညာရှင်တော်တော်များများ ဒီဝါကျွတ်မှာ လက်တွဲဖော်အသီးသီးနဲ့ ဘဝကိုရှေ့ဆက်လှမ်းနေကြတဲ့အချိန် အချို့ လူပျိုကြီး၊ အပျိုကြီးတွေကတော့ တစ်ယောက်တည်းနေပြီး အနုပညာအလုပ်တွေ ပျော်ပျော်ကြီး လုပ်ဆောင်နေဆဲပါ။ ဒီတစ်ခါတော့ ရတနာမိုင်ခေါ်မိုင်လေးကနေ သူမရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

" အပျိုကြီးတော့မလုပ်ပါဘူး။ အချစ်ရေးကတော့ ပြောရရင် အခုလောလောဆယ် အဲဒီဘက်ကို မလှည့်နိုင်သေးတာပါ။

နောက်၂ နှစ်လောက်နေရင်တော့ လှည့်တော့မယ်ပေါ့နော်။ အဲဒီအချိန်လောက်ကျရင်တော့ အချစ်ရေးကို စဉ်းစားမယ်။ အခုလောလောဆယ်ကတော့ ဂီတအနုပညာ လောကမှာ မအောင်မြင်သေးဘူး။ ရပ်တည်တဲ့အနေအထား လောက်ပဲရှိသေးတယ်။ အောင်မြင်တဲ့အနေအထား မရောက်သေးဘူး။ အောင်မြင်တဲ့အဆိုတော်ဖြစ်အောင် ကြိုးစားမယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ပြီဆိုမှ အချစ်ရေးဘက်ကို လှည့်တော့မယ်။ "

ချစ်ရမယ့်သူတွေ့နေပြီလားဆိုတဲ့ မေးခွန်းကိုတော့ မိုင်လေးမှ

" ချစ်ရမယ့်သူဆိုရင် ကိုယ် ချစ်နေတဲ့သူကို ဘယ်သူမဆို ရင် ထဲမှာတော့ရှိကြမှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ မစဉ်းစားချင်သေး ဘူး။ ကိုယ်ရွေးချယ်မယ်ဆိုရင် လည်း ပိုက်ဆံချမ်းသာတာ၊ မချမ်းသာတာ အဓိကမကျပါဘူး။ လူ ဆိုတာ နှစ်ဦးကံပေါင်းလိုက်ရင် ချမ်းသာရင်လည်း ချမ်းသာသွား နိုင်တယ်။ ယူပြီးမှ ဆင်းရဲသွား တာမျိုးလည်း ရှိနိုင်တယ်။ အဲဒါ ကြောင့် ချမ်းသာတာမျိုးကို အဓိ ကမထားဘူး။ နှစ်ဦးကြိုးစားလိုက် ရင် နောင်တစ်ချိန်မှာ အဆင်ပြေ သွားနိုင်တယ်။ ကိုယ့်အပေါ်မှာ ယောကျ်ားကောင်း ပီသရမယ်။ အမေ၊ အဖေကို သိတတ်ရမယ်။ သစ္စာရှိရမယ်။ သစ္စာရှိရမှာက အဓိကပဲပေါ့နော်။ ဒါကြောင့် ရွေး မယ်ဆိုရင်လည်း ကိုယ့်အပေါ်ကို သစ္စာရှိရှိနဲ့ ချစ်နိုင်မယ့်သူကိုပဲ ရွေးမယ်။ သူ့ဟာနဲ့သူ ပုံမှန်ဝင်ငွေ လေးရှိနေပါစေ အရမ်းချမ်းသာစရာမလိုဘူး။ ကိုယ့်အရည်အ ချင်းလေးနဲ့ ကိုယ်ကြိုးစားတဲ့သူကိုပဲ သဘောကျတယ်။ " လို့ ပွင့်ပွင့်လင်းလင်းဖြေကြားပေးခဲ့ပါတယ်။

ဆက်လက်ပြီး အနုပညာရှင်တွေ လက်ရှိမှာ ကွဲကွာတာ၊ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာနဲ့ပတ်သတ်ပြီး မိုင်လေးမှ ယခုလိုပြောကြားခဲ့ပါတယ်။

" အခုဆိုရင်လည်း အဲဒီလိုမျိုး ကြားနေရတာတွေ အများကြီးရှိ တယ်။ အပြင်လောကတွေမှာရော၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာရော ဖောက်ပြန်နေကြတာတွေရှိတယ်။ အဲဒါကို အကြောက်ဆုံးပါပဲ။ တကယ်လို့ဖြစ်လာရင်လည်း အချိန်က ကုစားပေးသွားမှာပါ။ စိတ်မဆင်းရဲကြစေဖို့လည်း ဆုတောင်းပေးတယ်။ ကိုယ့်မိသားစု ဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူအပေါ်ကို သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့က အဓိကပါ။ အဲဒီအချိန်မှာ စိတ်ညစ်နေမယ့်အစား ခံစားရမှာကိုတော့ ကိုယ်ချင်းစာပါတယ်။ အရမ်းစိတ်ညစ်ကြရမှာပဲလေ။ ဒါမျိုးက ကိုယ် ဘယ်လောက်ပဲကောင်းနေပါစေ ဒီလိုဖြစ်မယ့် ကံပါလာရင်တော့ တားလို့မရဘူး။ ဒါကြောင့် ဖြစ်လာရင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ် ကိုအကောင်းဆုံးပြင်ဆင်နေထိုင်ရင် အကောင်းမွန်ဆုံးပါ။ လဲနေရင် ပြန်ထပေါ့နော်။ "

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။