မန်ချက်စတာယူနိုင်တက်အသင်း၏ လူငယ်တိုက်စစ်မှူး ရက်ဖို့ကတော့ နာမည်ကျော်ကြားပါတယ်။ ရက်ဖို့ကို အနာဂတ်၏ ထွန်းတောက်လာမည့် လူငယ်တိုက်စစ်မှူးတစ်ဦးလို့ ဘောလုံးလောကက လက်ခံထားကြပါတယ်။ ရက်ဖို့အနေဖြင့် ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။ ဒါ့အပြင် လက်ရွှေးစင် အင်္ဂလန်အတွက်လည်း ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားခဲ့ပါတယ်။ အင်္ဂလန်လက်ရွှေးစင်အသင်းက ဆလိုဗက်ကီးယားအသင်းကို အိမ်ကွင်း ၀င်ဘာလေမှာ လက်ခံကစားခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ အင်္ဂလန်အသင်းက ၂-၁ ဖြင့် ဆလိုဗက်ကီးယားအသင်းကို အနိုင်ရခဲ့ပါတယ်။ အင်္ဂလန်အသင်း၏ အနိုင်ဂိုးကိုတော့ လူငယ်တိုက်စစ်မှူး ရက်ဖို့က သွင်းယူပေးခဲ့တာပါ။ 

အဆိုပါ ပွဲစဉ်က ရက်ဖို့၏ခြေစွမ်းနှင့်ပတ်သတ်ပြီး နည်းပြဆောက်ဂိတ်က ယခုလိုချီးကျူးခဲ့ပါတယ်။ ဆောက်ဂိတ်က "ရှပ်ရှ်ဖို့ဒ်ဟာအခြားအသင်းသားတွေလိုပဲကောင်းမွန်တဲ့စိတ်ဓာတ်ကိုပြသခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့သွင်းဂိုးအတွက်သူအမှားပြုလုပ်ခဲ့ပေမယ့်လည်းခြေစွမ်းကောင်းကိုဆက်လက်ထိန်းသိမ်းပြီးပြိုင်ဘက်နောက်တန်းကိုခြိမ်းခြောက်ခဲ့ပါတယ်။ ပရိတ်သတ်ရဲ့အားပေးမှုကလည်းကျွန်တော်တို့ကိုအဓိကအရေးပါစေခဲ့ပါတယ်။ အရမ်းတော့စောနေပါသေးတယ်။ ဒါ့ကြောင့်ကျွန်တော်တို့သူ့ရဲ့စိတ်လှုပ်ရှားစရာခြေစွမ်းကိုဆက်လက်ထိန်းသိမ်းပေးရမှာပါ။ ပြီးခဲ့တဲ့နွေရာသီကသူ့ကိုယူ၂၁ပြိုင်ပွဲမှာမပါဝင်စေခဲ့တဲ့အတွက်ကျွန်တော်တို့အတွက်အနည်းငယ်အကျိုးဖြစ်စေခဲ့ပါတယ်။ သူဟာအနားရခဲ့တဲ့အတွက်ပိုမိုသန်မာလာခဲ့ပြီးပွဲတစ်ပွဲအပေါ်များစွာသက်ရောက်စေပါတယ်။ ဒါပေမယ့်ခရီးဆက်ဖို့အများကြီးလိုပါသေးတယ်။" လို့ပြောသွားပါတယ်။

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။