ဂျာမနီနိုင်ငံ ဖရန်ဘက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးအား ဖယ်ရှားရန်အတွက် လူပေါင်း (၆) သောင်းကျော်အား ဘေးလွတ်ရာသို့ရွေပြောင်းပေးခဲ့ရပါတယ်။ထိုဗုံးအား ဖောက်ခွဲရန် ၁ ဒသမ ၈ ကီလိုမီတာ ပတ်ဝန်းကျင်ပတ်လည်ကိုလည်း လိုက်လံရှင်းလင်းလျှက်ရှိပါတယ်။ဗုံးကြီးဟာ ၁ ဒသမ ၅ တန်လေးသော ဗြိတိန်ဗုံးတစ်လုံးဖြစ်ပါတယ်။ထိုဗုံးရဲ့ပေါက်ကွဲမှုအားဟာ တိုက်တွေကိုပါပြားပြားဝပ်သွားစေနိုင်ပါတယ်။

ဗုံးကြီးရှိသောရပ်ကွက်ဟာ ဥရောပဗဟိုဘဏ်ဥက္ကဌလည်းနေထိုင်လျှက်ရှိပြီး အခြားအကြီးတန်းအရာရှိများလည်းနေထို်င်လျှက်ရှိပါတယ်။ယင်းဗုံးကို ၂၉ ရက်နေ့ မှာတွေ့ရှိခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာတွေ့ရှိခဲ့တာပါ။ထိုနေ့ညနေမှာပဲ ဗုံးကို ကျွမ်းကျင်ပညာရှင်များနဲ့ အောင်မြင်စွာ စနစ်တန်ဖြုတ်နိုင်ခဲ့ပါတယ်။

ဂျမနီနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးခဲ့တာ နှစ်ပေါင်းခုနှစ်ကျော်ကြာပြီဖြစ်သော်လည်း နိုင်ငံထဲမှာတော့ ကြီးမားတဲ့ဗုံးကြီးတွေကို မကြာခဏတွေ့ရလေ့ရှိပါတယ်။စက်တင်ဘာ ၂ ရက်နေ့ကိုလည်းနိုင်ငံရဲ့ အနောက်ပိုင်းမှာ ဒုုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးကို တွေရှိခဲ့ပြီး လူပေါင်း ၂၁၀၀၀ ကျော်ကိုအရေးပေါ်ရွေ့ပြောင်းခဲ့ရပါတယ်။ 

သတင်းအရင်းအမြစ် - Eleven media group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။