ရှုံးနိမ့်မှုအတွက်ကွင်းကိုအပြစ်ဖို့တဲ့ကမ္ဘောဒီးယားနည်းပြ

ကမ္ဘောဒီးယားယူ-18ဟာမနေ့ကစင်ကာပူအသင်းကို

Thuwanna Stadiumမှာ3-5ဂိုးနဲ့

အရှုံးပေးခဲ့ရပါတယ်။ကမ္ဘောဒီးယားနည်းပြ

မစ္စတာကာဇူနိုရီဟာသူ့အသင်းရဲ့ရှံုးနိမ့်မှုအတွက်

Thuwannaကွင်းကိုအပြစ်တင်ခဲ့ပါတယ်။ကွင်းအခြေအနေဟာရေများနေတာကြောင့်

အခြေအနေတော်တော်ဆိုးခဲ့ပါတယ်။မြေပြင်

ပေါ်မှာဘောလုံးကိုင်ဆော့လို့မရတာကြောင့်

ကမ္ဘောဒီးယားအသင်းသားတွေဟာအဝေးဘော

တွေနဲ့ပဲကစားခဲ့ရတယ်လို့သူကပြောပြပါတယ်။

ဒါပေမယ့်သူ့အသင်းရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို

သူချီးကျူးလိုပြီးဂိုးရှေ့မှာအမှားအယွင်းတွေများခဲ့

တာကဒီပွဲကိုအဆုံးအဖြတ်ပေးသွားခဲ့တယ်လို့

သူကပြောပါတယ်။ဒါပေမယ့်တစ်ဖက်အသင်းကို

ငါးဂိုးပေးခဲ့ရတာတော့မဖြစ်သင့်ပါဘူးလို့

သူကပြောပြပါတယ်။မနေ့ကပွဲအရှုံးအတွက်

နည်းပြကြီးကာဇူနိုရီမချိတင်ကဲဖြစ်နေပုံပါပဲ။

မနေညနေကမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်

စင်ကာပူရောကမ္ဘောဒီးယားပါ

ကစားကွက်ဖော်ဖို့အတော်ရုန်းကန်ခဲ့ရတာတွေ့ရပါတယ်။

နှစ်သင်းစလုံးဟာအဝေးဘောတွေ၊အမြင့်ဘော

တွေနဲ့ကစားသွားခဲ့ကြတာပါ။မြန်မာနဲ့အင်ဒိုကတော့

ဒီနေ့ညနေခြောက်နာရီမှာThuwannaမှာပဲ

ကန်သွားကြမှာပါ။

Source-The Morning

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။