ရွှေဘိုသားဝင်းနိုင်ထွန်းအင်ဒိုကိုအနိုင်ကန်ပေးမှာလား

ဝင်းနိုင်ထွန်းဆိုတာမြန်မာတို့ရဲ့နောက်ထပ်တိုက်စစ်

သူရဲကောင်းသစ်ပါ။အရပ်အမောင်း၊ဘောလုံးစွမ်းရည်၊

ဂိုးသွင်းတိကျမှုတွေဟာဘာဆိုဘာမှအပြစ်ဆိုစရာ

မရှိလောက်အောင်ပဲထူးချွန်တဲ့ကစားသမားလေး

ဖြစ်ပါတယ်။သူ့ကိုမြန်မာအသင်းရဲ့နောက်ထပ်

အောင်သူအဖြစ်ညွှန်းဆိုကြပေမယ့်သူ့ကစားဟန်

ကအောင်သူနဲ့ကွဲပါတယ်။သူဟာအောင်သူ

ရဲ့လောင်းရိပ်အောက်ကကွဲထွက်မယ့်တိုက်စစ်မှူး

ကောင်းတစ်ယောက်ဖြစ်တယ်လို့ရဲရဲဆိုလိုက်ပါရစေ။

ရွှေဘိုသားတစ်ယောက်ဖြစ်တဲ့ဝင်းနိုင်ထွန်းဟာ

မန္တလေးဘောလုံးအကယ်ဒမီထွက်တစ်ယောက်ဖြစ်ပြီး

မြန်မာယူ-14၊မြန်မာယူ-16၊မြန်မာယူ-18

စတဲ့သက်တမ်းအလိုက်မြန်မာ့လက်ရွေးစင်

အသင်းတွေမှာတောက်လျှောက်အရွေးခံခဲ့ရပါတယ်။

မြန်မာယူ-18အသင်းဖီးနစ်ဆိုတဲ့အမည်နဲ့ဝင်ရောက်

ယှဉ်ပြိုင်နေတဲ့MNL -2မှာလည်းတစ်ရာသီလုံး

ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့သူပါ။

တဖြည်းဖြည်းတောက်ပလာတဲ့ဝင်းနိုင်ထွန်းကို

MNLထိပ်သီးကလပ်တွေကလည်းစောင့်ကြည့်နေ

ကြပါပြီ။လာမယ့်အနာဂါတ်မှာတော့ဝင်းနိုင်ထွန်းကို

ရတနာပုံ၊ရန်ကုန်စတဲ့MNLကလပ်ကြီးတွေမှာတွေ့မြင်ရဖို့များနေပါတယ်။

အင်တာမီလန်အသင်းနည်းပြကတောင်တခုပ်တရ

ချီးကျူးခြင်းခံထားရတဲ့ဝင်းနိုင်ထွန်းဟာဒီနေ့ညနေမှာကစားမယ့်အင်ဒိုနဲ့ပွဲမှာခြေစွမ်းပြဂိုးတွေသွင်းပြီးမြန်မာအသင်းကိုနိုင်ပွဲ

ရရှိအောင်စွမ်းဆောင်ပေးနိုင်မလားဆိုတာကိုတော့..

photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။