ပြိုင်ပွဲရဲ့ရေပန်းအစားဆုံးအင်ဒိုနဲ့မြန်မာတို့ရင်ဆိုင်အတွေ့

ဒီနေ့ညနေခြောက်နာရီမှာမြန်မာအသင်းဟာ

အာဆီယံယူ-18ပြိုင်ပွဲရဲ့ဗွေဆော်ဦးပွဲစဉ်အဖြစ်

ပြိုင်ပွဲရဲ့ရေပန်းအစားဆုံးအသင်းဖြစ်တဲ့

အင်ဒိုနီးရှားနဲ့ယှဉ်ပြိုင်ကစားသွားကြရမှာပါ။

အင်ဒိုအသင်းကအကြောင်းမဲ့နာမည်ကြီးနေတာတော့

မဟုတ်ပါဘူး။

တူလွန်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာဘရာဇီးလူငယ်တွေကိုတောင်

ယှဉ်ကစားနိုင်ခဲ့လို့အားလုံးရဲ့အထင်ကြီးမှုကိုတောင်

ရရှိခဲ့တာပါ။ပြီးတော့အက်စပန်ညိုBအသင်းကိုလည်း

သူတင်ကိုယ်တင်ယှဉ်ကစားခဲ့ပြီးကျဉ်းမြောင်းတဲ့

ဂိုးရလဒ်နဲ့အတူရှုံးနိမ့်ခဲ့ပါတယ်။ပြင်ဆင်မှုအားကောင်းကောင်း

နဲ့ဒီအသင်းယူ-20ကမ္ဘာ့ဖလားပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့

မျှော်မှန်းချက်ထားနေတဲ့အသင်းဖြစ်လို့ဒီပြိုင်ပွဲရဲ့အကျော်

ကြားဆုံးအသင်းဖြစ်နေတာတော့မဆန်းပါဘူး။

မြန်မာယူ-18ဟာလည်းပါရမီရှင်ကစားသမား

များတပြံုတမကြီးပါဝင်လာမှုနဲ့အတူအောင်သူ၊

သန်းပိုင်တို့ရဲ့နောက်ထပ်ကမ္ဘာ့ဖလားဝင်မယ့်အ

သင်းအဖြစ်မြန်မာပရိသတ်ကြီးမျှော်လင့်နေကြပါတယ်။

အင်တာမီလန်ယူ-18နဲ့ခြေစမ်းပွဲတွေမှာလည်း

အထင်ကြီးလောက်စရာခြေစွမ်းတွေကိုပြသခဲ့တာကြောင့်

မြန်မာတို့ကဒီတစ်ခါတော့ဟုတ်ပြီဆိုပြီး

ကြွေးကြော်ခဲ့ကြပါတယ်။

ဒီအဖွင့်ပွဲဟာ

နှစ်သင်းစလုံးအတွက်ဆီးမီးဖိုင်နယ်တက်ရေးအရေးကြီးလို ့နှစ်သင်းစလုံးအနိုင်ရဖို့ကြိုးစားကြမှာတော့အသေအချာပါပဲ။

အင်ဒိုအသင်းမှာစောင့်ကြည့်ရမယ့်ကစား

သမားကတော့တိုက်စစ်မှုးအက်ဂီဖြစ်ပြီး

မြန်မာအသင်းဘက်ကစောင့်ကြည့်ရမယ့်သူကတော့

ဝင်းနိုင်ထွန်းပါ။ဂိုးကတော ့ နှစ်သင်းစလုံး

တိုက်စစ်အားသန်ကြလို့ဂိုးများနိုင်ပြီးမြန်မာအသင်းကပ်နိုင်သွားဖို့

များပါတယ်၊

gu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။