နည်းပညာခေတ်က အရမ်းမြန်မြန်ဆန်ဆန်တိုးတက်နေသလို Hackerတွေကလည်း အရေးကြီးတဲ့အပိုင်းမှာပါဝင်ပါတယ်။Hackerတစ်ယောက်ဖြစ်ဖို့ကလည်း အားလုံးသိတဲ့ အတိုင်း Hacking ဆိုတဲ့ နည်းပညာဟာ ရှုပ်ထွေးပြီး ကွန်ပျူတာ ကျွမ်းကျင်တိုင်း Hacker သမားတစ်ယောက်မဖြစ်နိုင်ပါဘူး။ Hacker တစ်ယောက်ဖြစ်ဖို့အတွက် ကျွမ်းကျင်မှု ၊ ထက်မြက်တဲ့ ဉာဏ်စွမ်းရည် ဖြတ်ထိုးဉာဏ်ဆိုတာလည်းလိုအပ်ပါသေးတယ်။ယခုအခါမှာတော့ ကလေးငယ်တွေလို့ထင်ရပေမယ့် ကမ္ဘာကြီးကို အန္တရာယ်ပေးနိုင်တဲ့ ကလေးHackerအကြောင်းဖော်ပြလိုက်ရပါတယ်။

၁။ Reubebn Paul

Reuben Paul ဟာ Texas ပြည်နယ် Austin မှာရှိတဲ့ School မှာပညာသင်ကြားနေတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ကျောင်းပွဲတစ်ခုမှာ Reuben ဟာစမတ်ဖုန်းအသုံးပြုတာနဲ့ပတ်သတ်ပြီး သရုပ်ပြတာကိုပြုလုပ်ခဲ့တဲ့အပြင် မိနစ်အနည်းငယ်အတွင်းမှာ Android ဖုန်းမှာရှိတဲ့ အချက်အလက်တွေ ကိုပိုင်ရှင် မသိအောင် ဘယ်လို ကူးယူနိုင်လည်းဆိုတာ ကိုပါပြောပြသခဲ့ပါတယ်။

၂။ Betsy Davies

Best ကတော့ အသက် (၇) နှစ်အရွယ်သာရှိတဲ့ ကလေးမလေး တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ကွန်ပျူတာ Tutorial တွေကိုကြည့်ပြီး Public Wifi Network တွေကို Hacking လုပ်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ Public Wifi ရဲ့အားနည်းချက်ကိုတွေကိုပြသခဲ့တဲ့အတွက် ကမ္ဘာ့ Cyber Security အဖွဲ့အစည်းကိုတောင် တုန်လှုပ်စေခဲ့သူပါ။

၃။ Kristoffer Von Hassel

ငါးနှစ်သား ဉာဏ်ကြီးရှင် Kristoffer ဟာ Kristoffer ရဲ့ မိဘတွေဟာတစ်ရက်မှာ အပြင်ကနေပြန်လာတဲ့အခါ Xbox ကိုဖွင့်ပြီးကစားနေတာကိုတွေ့လိုက်ရပါတယ်။ Xbox ကို Kristoffer ရဲ့ဖခင်ဟာ Passoword ပေးထားတာဖြစ်ပါတယ်။ သူ့အဖေ အကောင့်ကိုသူဘယ်လိုလုပ်ပြီးဖွင့်လည်းဆိုတာကတော့ စိတ်ဝင်စားစရာပဲပဲ။Kristoffer’s ရဲ့အဖေဖြစ်သူဟာ Cloud Service Company တစ်ခုရဲ့ Security Engineer တစ်ယောက်ဖြစ်တာကြောင့် သားဖြစ်သူရဲ့ Xbox အကောင့်ကိုဝင်ရောက်နိုင်တာနဲ့ ပတ်သတ်ပြီး မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။

၄။ Anonymous From Canada

ဒီကလေး Hacker ရဲ့ နာမည်ကို တော့ Unknown လို့ပဲသိကြပါတယ်။ ဒါပေမယ့်သူ့ရဲ့ အသက်နဲ့ သူလုပ်ဆောင်ခဲ့တဲ့ အကျိုးဆက်တွေကိုတော့မသိရသေးပါဘူး။ အသက် (၁၂) နှစ်အရွယ်မှာ ငယ်ရွယ်တဲ့ဒီ Canadian Hacker ဟာ ကျောင်းသားဆန္ဒပြပွဲတွေကို ဆန့်ကျင်ကြောင်း ဝန်ဆောင်မှုပေးတဲ့ Website တွေကို Dos Attacks လုပ်ခဲ့ပါတယ်။Monreal မှာနေထိုင်တဲ ဒီကလေး Hacker ဟာ အစိုးရပိုင် Website တွေဖြစ်တဲ့ Institute Of Public Health နဲ့ Chilean Government တို့အပါအဝင် အများအပြားကို တိုက်ခိုက်ခဲ့တာပါ။

၅။ CyFi

သူမကတော့ အသက် (၁၀) နှစ်အရွယ်သာရှိသေးတဲ့ Hacker တစ်ယောက်ပဲဖြစ်ပါတယ်။ CyFi ရဲ့ Hacker ဖြစ်လာပုံအစကတော့ ဒီလိုပါ။ Calfornia မှာကျောင်းတက်နေစဉ်တုန်းက GarmVille Games ကိုစောင့်ဆိုင်းပြီး ကစားရတဲ့အပေါ်သူမဟာ ငြီးငွေ့ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို သူမဘာသာ ပြင်ဆင်ပြီးကစားဖို့အတွက်ဆုံးဖြစ်ခဲ့ပါတယ်။ CyFi ဟာ Android နဲ့ iOS တွေမှာ ဂိမ်းကိုပြင်ဆင်ကစားနိုင်ဖို့ကိုရှာတွေ့ခဲ့ပါတယ်။ သူမပြောခဲ့တာကတော့ “ Game ကစားဖို့ကိုအကြာကြီးအချိန်တွေစောင့်ရတာက ခက်ခဲပါတယ်။ ဘာလို့ အချိန်ကိုမပြောင်းလဲနိုင်ရမှာလဲ ? “ ဆိုတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-အခရာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။