မနက်ကယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မြောက်အိုင်ယာလန်အသင်းနဲ့ချက်အသင်းတို့ပွဲစဉ်မှာ အိမ်ရှင်မြောက်အိုင်ယာလန်အသင်းက ၂ဂိုး ၀ ဂိုး နဲ့ အနိုင်ရရှိကာ သုံးမှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မြောက်အိုင်ယာလန်အသင်းဟာ လက်ရှိမှာ အဆင့် ၂ နေရာမှာရပ်တည်နေတာဖြစ်ပြီး အဆင့် ၁ က ဂျာမနီအသင်းနဲ့ ၅ မှတ်ကွာဟလျက်ရှိနေတာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းနဲ့ မြောက်အိုင်ယာလန်အသင်းဟာ နောက်တစ်ဆင့်တတ်ရောက်ဖို့ ကျိန်းသေနေတဲ့ အနေအထားတစ်ရပ်ကို ပိုင်ဆိုင်နေခဲ့ပြီလည်းဖြစ်ပါတယ်

မြောက်အိုင်ယာလန်အသင်းဟာ ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့တာကြောင့် ချက်အသင်း ၊ အဇာဘိုင်ဂျန် ၊ နော်ဝေး အသင်းတို့ကိုုဖြတ်ကျော်ပြီးအဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။မြောက်အိုင်ယာလန်အသင်းဟာ ပွဲထွက်လူစာရင်းမှာ ဂျွန်နီအီဗန့် ၊ ဘရန့် ၊ဒေးဗစ် တို့ကိုပွဲထွက်စေခဲ့တာလည်းဖြစ်ပါတယ်။ချက်အသင်းကတော့ ပွဲထွက်လူစာရင်းမှာ ဂျန်တို ၊ဘိုရယ်၊ ကာမီမက်တို့ကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်

ချက်အသင်းဟာ မြောက်အိုင်ယာလန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းချက်များနဲ့လည်း ချိန်းခြောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ မြောက်အိုင်ယာလန်အသင်းရဲ့နောက်တန်းတွေ အကောင်းဆုံးဖြတ်တောက်နိုင်ခဲ့ပြီး ရရှိလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် အနိုင်သုံးမှတ်ကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။မြောက်အိုင်ယာလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့၂၈ မိနစ်မှာ ဂျွန်နီအီဗန့် ကသွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ဘရန့်က ၄၁ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။