ဒီဂီယာ ဟုဆိုလိုက်လျှင် ဘောလု့းပရိသတ်တိုင်းသိပါတယ်။ ဒီဂီယာကတော့ ယခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ပါ။ ဒိဂိယာက အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အတွက် အကောင်းဆုံးကစားပေးထားပါတယ်။ ဒါ့အပြင် စပိန်လက်ရွှေးစင်အသင်း၏ ဦးစားပေးဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုင်တက်အသင်းက ယခုလက်ရှိ အမှတ်ပေးဖလားဖြစ်တဲ့ ပရီးမီးယားလိဂ် ၃ပွဲကစားပြီးချိန်ထိ ပေးဂိုးလုံးဝမရှိသေးပါဘူး။ ဒီဂီယာအနေဖြင့် လည်း အဆိုပါပွဲတွေမှာ ပေးဂိုးမရှိအောင် ကစားပေးနိုင်ခဲ့ပါတယ်။ ယခုအခါ ဒီဂီယာက မန်ချက်စတာယူနိုက်တက်မှာရှိနေခြင်းဟာအိမ်မက်တစ်ခုပဲလို့ပြောလိုက်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးအဖြစ်သတ်မှတ်ထားခြင်းခံထားရတဲ့ဒေးဗစ်ဒီဂီယာကမန်ချက်စတာယူနိုက်တက်မှာကစားနေရခြင်းဟာအိမ်မက်တစ်ခုပါဖြစ်တယ်လို့ပြောသွားခဲ့တာပါ။ 

ဒီဂီယာက "လူတွေကကိုယ့်အကြောင်းကိုပြောနေကြမယ် စဉ်းစားနေကြမယ်ဆိုရင်အမှန်တကယ်ကိုဂုဏ်ယူရပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့်ကျွန်တော့်အနေနဲ့ဆက်လက်အာရုံစိုက်ထားပြီးအလုပ်ကိုကြိုးစားကာအသင်းအတွက်အကောင်းဆုံးလုပ်ဆောင်နေရမှာပါ။ရိုးရိုးသားသားပြောရရင်ငယ်ရွယ်စဉ်ကအနာဂတ်အကြောင်းကိုအများကြီးမတွေးမိပါဘူး။ ကိုယ့်သူငယ်ချင်းတွေနဲ့ဘောလုံးကစားချင်ရုံပါပဲ။ အသက်အရွယ်ရလာတဲ့အခါမှာထိပ်တန်းအသင်းတစ်သင်းမှာကစားရဖို့အိမ်မက်တွေစမက်လာပါပြီ။ ဒါကြောင့်မန်ချက်စတာယူနိုက်တက်လိုကြီးကြယ်တဲ့အသင်းကြီးမှာရှိဖို့ဟာအိမ်မက်တစ်ခုပါပဲ။" လို့ပြောသွားပါတယ်။

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။