ကိုရီးယားမှ ထိပ်တန်းမော်ဒယ်တွေဟာ ပလတ်စတစ်ဆာဂျရီလုပ်ထားတာ၊ ဒါမှမဟုတ် မိတ်ကပ်နဲ့မျက်နှာကို ပြောင်းစေတဲ့အလှကြောင်း နာမည်ကြီးပါတယ်။ အနောက်တိုင်းမော်ဒယ်တွေဟာ အာရှတိုက်မော်ဒယ်တွေထက် ဒီတစ်ချက်မှာ သာလွန်ပါတယ်။ ဒါပေမယ့် ဒီတောင်ကိုရီးယားမော်ဒယ်မလေးကတော့ သူမရဲ့မပြည့်စုံတဲ့အလှကို ပြုပြင်ခြင်းမရှိခဲ့ပါဘူး။ 

တောင်ကိုရီးယားမော်ဒယ် ယွန်ယောင်ဘေးဟာ သူမရဲ့ပါးမှာ အစုလိုက်ဖြစ်နေတဲ့ မှဲ့ခြောက်နဲ့ စူထွက်နေတဲ့နှုတ်ခမ်းအကြောင်းကို ကမ္ဘာကျော် Vogue မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားမှာ သတ်မှတ်ထားတဲ့ ပြစ်မျိုးမှဲ့မထင်အလှဖြစ်တဲ့ ဖြူဝင်းတဲ့အသားအရေ၊ လှပတဲ့ နှုတ်ခမ်းပါးပါးလျလျပုံစံတွေနဲ့ ကွဲထွက်တဲ့သူမဟာ ဘေးလူတွေပြောတာကို ဂရုမစိုက်ဘဲ သူမရဲ့သဘာဝအသားအရေကို ဂုဏ်ယူစွာနဲ့ ပြောကြားခဲ့ပါတယ်။

" ကျွန်မ သုံးနှစ်သမီးအရွယ်လောက်မှာ မှဲ့တွေက စုပြီးထွက်လာတယ်။ မော်ဒယ်လောကကို စဝင်တော့ ဒါတွေကိုပြင်ဖို့ အကြံပေးခဲ့ကြတယ်။ ကျွန်မငြင်းဆန်ခဲ့ပါတယ်။ ပါးပေါ်က မှဲ့ခြောက်တွေဟာ ကျွန်မရဲ့အလှတရားတစ်ခုဖြစ်ပြီး ကျွန်မကို ပျော်ရွှင်အောင်လုပ်ပေးတယ်။ " လို့ သူမက ပွင့်လင်းစွာပြောကြားခဲ့ပါတယ်။

တကယ်စင်ပေါ်မှာ လမ်းလျှောက်တဲ့အခါလဲ သူမရဲ့ မတူညီတဲ့ ပုံစံကြောင့် လူအများရဲ့အာရုံကို ရရှိခဲ့ပြီး ဒါရိုက်တာ Ashley Brokaw ကနေ သတိပြုခဲ့ပြီးနောက် သူမဟာ Prada Runwayမှာ နိုင်ငံတကာကိုထိုးဖောက်တဲ့ အာရှမော်ဒယ်တစ်ယောက်အနေနဲ့ စတင်လျှောက်လှမ်းခွင့်ရခဲ့ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။