အကယ်ဒမီနဲ့ ပတ်သတ်ရင် ကံနည်းတယ်ဆိုတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်

မော်ဒယ်လောကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ ခင်ပွန်းဖြစ်သူ ထပ်ဆင့်အကယ်ဒမီ ပြေတီဦး နှင့်အတူ သားသမီးလေးတွေနဲ့ သာယာပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ အနုပညာသားတိုင်း တန်ဖိုးထားရတဲ့ အကယ်ဒမီရာသီလည်း နီးပြီဖြစ်တဲ့အတွက် အကယ်ဒမီနဲ့ပတ်သတ်ပြီး အူဝဲပြောခဲ့ဖူးတဲ့ ရင်ခုန်သံတွေကို ပြန်ပြီးပြောပြပေးမယ်နော်……

ရုပ်ရှင်လောကမှာ သရုပ်ဆောင်မှော်ဝင်တယ်လို့ တင်စားခံရတဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ဟာ မနှစ်တုန်းက မောင့်အိမ်သူ ဇာတ်ကားနဲ့ အကယ်ဒမီတစ်ကြိုပေးခြင်းခံခဲ့ရပေမယ့် အကယ်ဒမီနဲ့ လွဲခဲ့ပါတယ်။ အကယ်ဒမီနဲ့ ပတ်သတ်ပြီး သူမရဲ့ ရင်ခုန်သံတွေကို မေးကြည့်မိတဲ့အခါမှာတော့ " အူဝဲကတော့ အကယ်ဒမီနဲ့ ပတ်သတ်ရင် သိပ်ပြီးမမျှော်လင့်ရဲဘူး။ ဘာလို့လည်းဆိုတော့ အူဝဲက အကယ်ဒမီနဲ့ပတ်သတ်ရင် အရမ်းကံနည်းတယ် ကံမကောင်းတတ်ဘူး။ ဒါပေမယ့် သရုပ်ဆောင်ပြီဆိုရင်တော့ အကောင်းဆုံးကြိုးစားအားထုတ်တယ်။ အူဝဲလည်း အနုပညာရှင်ဆိုတော့ အကယ်ဒမီကို မက်မောတာပေါ့နော်။ ပရိသတ်တွေအတွက် အကယ်ဒမီတွေ ထပ်ယူပေးချင်သေးတယ်လေ" လို့ ပြောသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ ဇာတ်ကားတွေ အရိုက်နည်းလာတာနဲ့ ပတ်သတ်ပြီးတော့လည်း "သမီးလေးမွေးပြီးတော့တောင် မအားတဲ့ကြားက ဇာတ်ကားတွေ ရိုက်ဖြစ်လိုက်သေးတယ်။ အခုတော့ သားလေးလည်းမွေးထားပြီဆိုတော့ ပိုဆိုးတာပေါ့နော်။ ပိုပြီးတော့ မအားလည်းဖြစ်ရတယ်။ အဲ့တော့ဇာတ်ကားတိုင်းလည်း မရိုက်ဖြစ်တော့ဘူး။ ကိုယ့်ကိုလာငှားတဲ့အထဲကမှ အရမ်းသဘောကျတဲ့ ဇာတ်လမ်းမျိုးကိုပဲ ရွေးပြီးရိုက်ဖြစ်တော့တယ်။ ကလေးတွေနဲ့ မိသားစုကိုလည်း အချိန်ပိုပေးချင်တာ ပါတာပေါ့" ဆိုပြီး ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အူဝဲက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုတည်ထောင်ထားပြီး ပထမဆုံးပွဲဦးထွက်ဇာတ်ကားအနေနဲ့ Reflection ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးလျက်ရှိပါတယ်။ ဒီဇာတ်ကားဟာလည်း ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းအကျဉ်းကြောင့် ပရိသတ်တွေကြား ရေပန်းစားလျက်ရှိပါတယ်…………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။