သစ်သီးတော်တော်များများကိုတော့ ဆေးအဖြစ်သော်လည်းကောင်း စားသုံးနိုင်တဲ့အသစ်လို့သော်လည်းကောင်းအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။အသစ်အနှံတွေကလည်းတော်တော်များများ အသုံးဝင်ကြတာများပါတယ်။ဒီတစ်ခါမှာတော့ စားတာထိတွေ့တာနဲ့ဒုက္ခရောက်စေမယ့် သစ်သီးအကြောင်းကိုထူးဆန်းစွာတွေ့ရှိခဲ့ရလို့ပရိသတ်တွေအတွက် ဗဟုသုတရစေဖို့မျှဝေလိုက်ရပါတယ်။

ဒီအသီးရဲ့ပုံစံကိုကြည့်လိုက်ရင်တော့ အသီးဟာစားလို့ကောင်းမယ့်အသီးလို့ထင်ရပေမယ့် တစ်ကိုက်စားမိရင်အန္တရယ်ဖြစ်စေနိုင်မယ့် အဆိပ်တွေကအသီးအတွင်းမှာပြည့်နှက်နေတယ်လို့သိရပါတယ်။အဲဒီသစ်ပင်ရဲ့အမည်ကတော့ Manchineelလို့သိရပါတယ်။ Poison Guava လို့လည်းခေါ်ပါတယ်။ အမေရိကန်ရဲ့ ဖလော်ရီဒါ ၊ ဘမားမတ် ၊ မက္ကဆီကို နဲ့ တောင်အမေရိကနိုင်ငံအချို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

တောင်အမေရိကမှာတော့ ဒီအပင်ကို “Tree of Death” သေမင်းတမန်သစ်ပင် လို့လူသိများပါတယ်။ ကမ္ဘာကျော် ရေကြောင်းခရီးသွားလာသူ ကိုလံဘတ် နဲ့ သူ့ရဲ့သင်္ဘောသားတွေလာရောက်ခဲ့တဲ့ အချိန်တည်းက ဒီအပင်ကို သိခဲ့ကြပါတယ်။ စားမိသူတချို့သေဆုံးခဲ့တဲ့အတွက် သူ့ရဲ့မှတ်တမ်းထဲမှာ ဒီအပင်ကို သေစေတဲ့ပန်းသီးငယ်(little apple of death) လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။နာမည်ကြီး စပိန်လူမျိုးနယ်မြေချဲ့ထွင်သူတစ်ဦးဖြစ်တဲ့ Juan Ponce de León ဟာ ဒီအဆိပ်သုတ်လိမ်းထားတဲ့ မြှားကြောင့် သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။