ဝင်နိုင်ထွန်းတို့ဘယ်လိုအကတွေကခဲ့တာလဲ


မနေ့ကမြတ်ကောင်းခန့်မြန်မာယူ-18အတွက်

ဂိုးသွင်းယူအပြီးမှာဝင်းနိုင်ထွန်း၊ပြည့်စုံနိုင်တို့

ထူးထူးဆန်းဆန်းအကတွေကပြီး

အောင်ပွဲခံခဲ့ကြပါတယ်။ပရိသတ်တွေကလည်း

ဝင်းနိုင်ထွန်းတို့ဘာလို့ဒီလိုကသလဲသို့လောသို့လော

ပေါ့။အင်ဒိုပရိသတ်တွေကဆိုသူတို့အသင်းကို

အထင်သေးတဲ့ပုံစံလုပ်ပြပြီးအောင်ပွဲခံကြတာလား

လို့မေးကြပါတယ်။


ဒါပေမယ့်အဖြစ်မှန်ကဒီလိုပါ။

ဝင်းနိုင်ထွန်းတို့အောင်ပွဲခံခဲ့တဲ့ပုံစံဟာ

မြန်မာပြည်ရဲ့ဂျင်းကောင်မင်းသားလေး

မြင့်မြတ်တို့ကတာကိုအတုယူပြီးကပြခဲ့တာပါ။

Kညီ၊မြင့်မြတ်၊ကိတ်တို့သုံးယောက်

ကနေတဲ့ပုံစံလေးကိုအောက်မှာကြည့်လိုက်ပါ။

မြန်မာအသင်းတွေမှာတူညီတာတစ်ခုရှိပါတယ်။

လက်ရွေးစင်အသင်းကြီးကစလို့ဝင်းနိုင်ထွန်းတို့အထိ

ဂိုးသွင်းပြီးအောင်ပွဲခံတဲ့အခါထူးထူးဆန်းဆန်း

အောင်ပွဲခံမှုတွေပြုလုပ်လေ့ရှိကြတာပဲဖြစ်ပါတယ်။

ဝင်းနိုင်ထွန်းတို့အောင်ပွဲခံမှုကြောင့်ပထမပိုင်းမှာ

ပရိသတ်ကြီး ပျော်ခဲ့ရပေမယ့်

ဒုတိယပိုင်းမှာတော့အင်ဒိုတိုက်စစ်မှူးအစ်ဂီရဲ့အသဲခွဲဂိုး

တွေနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။

Photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။