မန်ချက်စတာယူနိုင်တက်အသင်း၏ ကစားသမားဟောင်း ရိုင်ယန်ဂစ်ကတော့ လီဗာပူးအသင်းကို ဝေဖန်သုံးသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ လီဗာပူးအသင်းက ယခုရာသီမှာ အမှတ်ပေးဖလားပွဲ ၃ပွဲကစားထားပြီးပါပြီ။ အဆိုပါ ၃ပွဲမှာ ၂ပွဲနိုင်ကာ ၁ပွသြရေကျထားပါတယ်။ ဒါ့အပြင် အသင်းကြီး၁သင်းဖြစ်တဲ့ အာဆင်နယ်ကိုလည်း ဂိုးပြတ်အနိုင်ရရှိထားပါတယ်။ 

လီဗာပူးအသင်း၏ တိုက်စစ်က ခြေစွမ်းကောင်းတွေပြသထားပါတယ်။ မာနေးနှင့်ဖာမီနိုအတွဲက အသင်းအတွက် ဂိုးတွေလုံလုံလောက်လောက် သွင်းထားပါတယ်။ အသစ်ခေါ်ယူထားတဲ့ ဆာလာကလည်း အကောင်းဆုံး ပုံစံပြသထားပါတယ်။ ဒါ့အပြင် ချိန်ဘာလိန်နှင့် ကီတာတို့ကိုပါခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဂစ်က လီဗာပူးအနေဖြင့် ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ရိုင်ယန်ဂစ်က “ရာသီသစ်စတင်တုန်းကကျွန်တော်လီဗာပူးကိုသိပ်ပြီးသဘောမကျခဲ့ပါဘူး။ ဒါပေမယ့်သူတို့ကစားသမားကောင်းတွေအားဖြည့်နိုင်ခဲ့ပြီးဖိလစ်ပီကော်တင်ညိုကိုပါဆက်လက်ထိန်သိမ်းနိုင်ခဲ့တာဟာတကယ့်ကိုအင်အားကောင်းသွားစေပါတယ်။ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့ဂိုးသမားကောင်းတစ်ဦးလိုအပ်ပါတယ်။ သူတို့မှာဒါပြည့်စုံပြီလားဆိုတာကတော့မေးခွန်းထုတ်စရာပါ။?? တစ်ခုတည်းသောမေးခွန်းကဒါပဲရှိပါတယ်။ ဒါပေမယ့်အပြောင်းအရွေ့စျေးကွက်မှာသူတို့ရဲ့လှုပ်ရှားမှုကြောင့်ကျွန်တော့်ရဲ့စိတ်ကိုအနည်းငယ်ပြောင်းလဲခဲ့ပါတယ်။ သူတို့ဟာဆန်ကာတင်စာရင်းမှာပါဝင်နေပါတယ်။" လို့ပြောကြားခဲ့တာပါ။

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။