၂၁နှစ်ပြည့်မွေးနေ့မှာ မိန်းကလေးတစ်ယောက်က အခြားလူတစ်ယောက်၏ အက်ဆစ်ဖြင့် ပက်ခြင်းကိုခံခဲ့ရပါတယ်။ မိန်းကလေး၏နာမည်က ရက်စ်ဟမ်ခမ်းဖြစ်ပါတယ်။ သူမက မော်ဒယ်တစ်ယောက်အဖြစ်လုပ်ကိုင်သူပါ။ သူမက အင်္ဂလန်နိုင်ငံ လန်ဒန်မှာ နေထိုင်သူတစ်ယောက်ပါ။

လန်ဒန်မှာ မော်ဒယ်မလေး ရက်စ်ဟမ်ခမ်းက သူမ၏အစ်ကိုဝမ်းကွဲ ဂျာလ်မဲ နှင့်နေထိုင်ပါတယ်။ ကံမကောင်းစွာနှင့်ဘဲ သူမတို့ မောင်နှမ၂ဦးဟာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဆိုပါကိစ္စဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့တာပါ။ သူမတို့ မောင်နှမ ၂ဦးကို ဂျွန်အမည်ရှိ ယောက်ျားတစ်ယောက်က အက်ဆစ်နှင့်တိုက်ခိုက်ခံခဲ့ရတာပါ။

အသက် ၂၅နှစ်အရွယ်ရှိ ဂျွန်ကို လက်ရှိအချိ်န်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကာ တရားရုံးတင်လျက်ရှိပါတယ်။ ဂျွန်၏တိုက်ခိုက်ခံရမှုကြောင့် ရက်စ်ဟမ်ခမ်းတစ်ယောက် မျက်နှာအပါအဝင် တစ်ကိုယ်လုံးနီးပါး ပြင်းထန်စွာ လောင်ကျွမ်းခဲ့ပါတယ်။ ယခုအခါမှာတော့ ရက်စ်ဟမ်းခမ်းတစ်ယောက် နာလံထူလာပြီဖြစ်ပါတယ်။ သူမအနေနှင့် သက်သာလာပုံကို လူမှုကွန်ယက်မှာတင်ခဲ့ပါတယ်။ လူအမြောက်အများကတော့ ရက်စ်ဟမ်းခမ်း အမြန်ဆုံးသက်သာလာစေရန် ဆုမွန်ကောင်းတွေ တောင်းပေးနေကြပါတယ်။

Hein (Mg Lu Aye)

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။