မော်ဒယ်၊သရုပ်ဆောင် ဘေဘီမောင်ဟာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်တဲ့ ပုဂံကိုရောက်ရှိနေတာဖြစ်ပါတယ်။မြန်မာဆန်ဆန်လေးနဲ ချစ်ဖို့ကောင်းနေတာကို တွေ့ရပါတယ်။မြန်မာအင်္ကျီလက်ပျက်လေးနဲ့ လုံချည်ခရမ်းရောင်လေးဟာ ချစ်စရာကောင်းနေပြီး ၀င်းဝါစိုပြေတဲ့အသားအရေနဲ့ လိုက်ဖက်နေပါတယ်။

သူမဟာ ပုဂံမြို့ရဲ့ ရုပ်သေးရုပ်ရောင်းချတဲ့နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။လက်မှာလဲ ပုဂံရဲ့နာမည်ကြီး တတ်တူးလေးတွေကို အမှတ်တရထိုးထားပါသေးတယ်။ပုဂံဟာ မြန်မာနိုင်ငံရဲ့ အလှပဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပါတယ်။အလွန်သာယာလှပတဲ့ ပုဂံရဲ့ရှုခင်းနဲ့ ဘေဘီမောင်ရဲ့အလှဟာ ခွဲမရအောင်လိုက်ဖက်နေပါတယ်။

မော်ဒယ်ဘေဘီမောင်ဟာ မော်ဒယ်လောကမှာလဲ ပရိတ်သတ်အားပေးမှုရရှိပြီး သရုပ်ဆောင်လောကမှာလည်း ကျရာအခန်းကနေ ပီပြင်စွာသရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။သူမရဲ့ပုံလေးတွေကိုကြည့်ပြီး ပရိတ်သတ်လဲ ချစ်ကြမှာပါ။

သတင်းအရင်းအမြစ် - Baby Maung Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။