အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုသည် စျေးကွက်အတွင်း ဘောလုံးသမားများစျေးကြီးနေခြင်းဖြင့်ပတ်သတ်၍ မှတ်ချက်ပေးခဲ့သည်။ မန်ချက်စတာယူနို်င်တက်၏ နည်းပြ မော်ရင်ဟိုကတော့ ယခုအမှတ်ပေးရာသီမှာ အကောင်းဆုံးကိုင်တွယ်ထားပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်းအနေနှင့် အမှတ်ပေးပွဲလုံး အနိ်ုင်ရရှိထားပါတယ်။ PSG အသင်းဟာ ဘာစီလိုနာ တိုက် စစ် မှုး နေမာ ရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၉၈ သန်းကို ပေးချေကာ ခေါ်ယူခဲ့ပြီး ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့ပါတယ် ။ 

မန်ချက်စတာ ယူနိုက်တက် အသင်းက တော့ နေမာ ရဲ့အ ပြောင်းအ ရွှေ့ မဖြစ် ပေါ်မီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင် ခဲ့ပြီး နည်းပြကြီးမော် ရင် ဟို က တော့ စျေးကွက် ထဲမှာ ခပ် သွက် သွက် လှုပ် ရှားနိုင် ခဲ့တဲ့ အတွက် ကျေနပ် မိတယ် လို့ ဆိုသွားခဲ့ပါတယ် ။မော်ရင်ဟိုက “ကျွန်တော်တို့ ဒီတစ်ကြိမ် မှာတော့ လိမ္မာပါးနပ် ခဲ့ပါတယ် ။ အ ပြောင်းအ ရွှေ့စျေးကွက် ကို လုံးလုံးလျားလျား ပြောင်းလဲစေမယ့် ရိုက် ခတ် မှု တစ် ခုဖြစ် လာလိမ့်မယ် လို့ ကျွန်တော်တို့ မှန်းဆ ခဲ့မိပါတယ် ။ ဒါကြောင့် လူသစ် တွေကို မြန်မြန် ခေါ်ယူခဲ့တာပါ ။ နေမာ ဟာ အ ပြောင်းအ ရွှေ့ စျေးကွက် တစ် ခုလုံးကို လုံးဝ ပြောင်းလဲ ပစ် လိုက် ပါတယ် ။ စျေးနှုန်း တွေကလည်း မတရားထိုးတက် သွားခဲ့ပါတယ်” လို့ပြောခဲ့တာပါ။

ဒါ့အပြင် မော်ရင်ဟိုက “တကယ် လို့ လူကာကူ ကို ကျွန်တော် တို့ သြဂုတ် ၃၁ မှ ခေါ်ခဲ့မယ် ဆိုရင် သူ့အတွက် ပေါင် သန်း ၁၅၀ လောက် ပေးရနိုင် ပါတယ် ။ မာတစ် ရဲ့ စျေးကလည်း ပေါင် သန်း ၆၀ လောက် က နေ ရ၀ လောက် ထိ ဖြစ် သွားနိုင် ပါတယ် ။ ဘာလို့လည်းဆိုတော့ နေမာ က ပြောင်းလဲပစ် ခဲ့လို့ပါပဲ ။ တကယ် လို့ ဘောလုံးလောကရဲ့ သမိုင်းတွင် အ ပြောင်းအ ရွှေ့က ပေါ့ဘာပဲဖြစ် နေဦးမယ် ဆိုရင် တော့ ဘာစီလိုနာ ဟာ ကော် တင် ဟို ကို ပေါင် သန်း ၁၀၀ စွန်းစွန်းလောက် နဲ့ ပဲ ခေါ်ယူဖြစ် သွားနိုင် ပါတယ်။ အခုတော့ လူတိုင်းက ပေါင် သန်း ၂၀၀ ဆိုတဲ့ တန်ဖိုးကိုပဲ ကြည့်နေကြပါပီ ။ သန်း ၂၀ လောက် ပဲ တန်တဲ့ ကစားသမားတွေက သန်း ၄၀ လောက်ဖြစ် လာကြပါပီ ။ သန်း ၄၀ တန်တွေက သန်း ၆၀ လောက် တောင်းလာ ကြပါပီ ။ အားလုံးက ပြောင်းလဲသွားခဲ့ပါပီ ။ လူကာကူ နဲ့ မာတစ် တို့ ကို နေမာ နောက် ပိုင်းမှာ ခေါ်ခဲ့မယ် ဆိုရင် သူတို့ ၂ ယောက် အတွက် နဲ့ တင် ပေါင် သန်း ၂၀၀ လောက် ကုန်သွားနိုင် ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ခပ် သွက် သွက် လှုပ် ရှားနိုင် ခဲ့ပါတယ်” လို့ မှတ်ချက်ပေးခဲ့တာပါ။ 

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။