ဒီဖြစ်ရပ်ကတော့ဆန်းကြယ်တာထက် ဆုံးကြယ်ဖြစ်နေပါတယ်။ဖြစ်ရပ်ကလေးကတော့ မြန်မာနိုင်ငံကလေးမြို့မှာဖြစ်ပျက်နေတာပါ။ကလေးမြို့နယ် ရေရှင်ရွာမှာတော့ ဒီဖြစ်ရပ်ဆန်းဟာ လူတကာပါးစပ်ဖျားရောက်နေပါတယ်။ပုံပါမိန်းမဟာ တကယ်သေဆုံးသွားပြီဟုယူဆထားကြတာလည်းဖြစ်ပါတယ်။သို့သော်လည်း သူ့မဝိဉာဉ်ကလျှောက်သွားနေတယ်လို့ ပြောကြပါတယ်။

သူမဟာသေဆုံးသွားသော်လည်း သူမရဲ့ဝိဉာဉ်ကတော့ သမီးအိမ်တွေမှာ ခြောက်နေပါတယ်လို့သိရပါတယ်။သူမဟာယခုလိုမဖြစ်မီ ဆေးပေါက်ထားတဲ့အခံလည်းရှိတယ်လို့သိရပါတယ်။ဆေးဆရာကလည်း သူမရဲ့နဖူးပေါ်မှာ မီးထွန်းပြီး ဆေးထုတ်ခြင်း ဖုတ်ဝင်နေသည်ဟု ယူဆကာ သူမကိုယ်ပေါ်မှ ဖုတ်ထုတ်ခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်တဲ့။

သူမဟာယခုလိုမသေဆုံးခင် အစာမဝင်တာလည်း ဆယ်ရက်ကျော်ကြာမြင့်ခဲ့ပြီဟုလည်းသိရပါတယ်။သူမခန္ဓာကိုယ်ကလဲ ပုပ်နံထွက်နေပြီဟုလည်းပြောကြပါတယ်။သို့သော် သူမဟာ သွေးခုန်ခြင်း ၊အသက်ရှူခြင်းများပြုလုပ်နေသဖြင့် ပုံပါအတိုင်းစောင့်ကြည့်နေကြတယ်လို့သိရပါတယ်။ဦးဇင်းမှ ဗုဒ္ဓဝါဒ တိရောကုဋ္ဋသုတ် နဲ့ ရုပ်လေးပါတို့ နောက်ဆုံးချုပ်ပုံ မရဏ သေခြင်းလေးမျိုး တမလွန်လောကနဲ့ ဝြစ်ရပ်ဆန်းများကို ရှင်းပြဟောကြားပေးနေတယ်လို့လည်းဆိုပါတယ်။

သတင်းအရင်းအမြစ်-Shwe Khit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။