ရှုတင်ကိစ္စတွေနဲ့ ခရီးတွေအတူသွားလိုက်လာလိုက် လုပ်နေရတဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံကို ရှေ့သွားနောက်လိုက်ညီလွန်းလို့ ပရိသတ်တွေတောင် အားကျရတဲ့အထိပါပဲ။

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင်နေမျိုးအောင်ဟာ သူ့ရဲ့ဇနီးဖြစ်သူကိုအမြဲတမ်းပွဲထုတ်လေ့ရှိပြီး ဘယ်သွားသွား အတူတူအမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ရက်အကောင့်ကနေ မျှဝေလေ့ရှိပါတယ်။

သဘာဝမင်းသားတစ်လက်အဖြစ် စာရင်းဝင်တဲ့ နေမျိုးအောင် ဟာ ဘဝသရုပ်ဖော်ဇာတ်ကားတွေကို အသားပေးရိုက်ကူးလေ့ရှိပြီး သဏ္ဍန်လုပ်သရုပ်တူလွန်းလို့ နယ်ကပရိသတ်တွေဆို ငိုရတဲ့အထိပါပဲ။

သြဂုတ်လ(၆)ရက်နေ့မှာတော့ ပုပ္ပါးရောက်နေတဲ့ နေမျိုးအောင်တို့ ဇနီးမောင်နှံဟာ မထင်မှတ်ပဲ အာဟာရဒါနတစ်ခုလုပ်ဖြစ်ရင်း ကုသိုလ်ယူခဲ့ကြောင်း လူမှုကွန်ရက်အကောင့်မှာ မျှဝေထားပါတယ်။

ပရိသတ်ကြီးလည်း ဓာတ်ပုံလေးတွေကြည့်ရင်း သာဓုခေါ်လိုက်ပါဦးနော်။  

Source : Nay Myo Aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။