အလှကုန်ပစ္စည်း (၇)မျိုးကို သုံးစွဲဖို့မသင့်ကြောင်း FDA ကြေညာ

ပြည်တွင်းမှာ ရောင်းချနေတဲ့အလှကုန်ပစ္စည်း (၇)မျိုးမှာ

ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သုံးစွဲခြင်းမပြုကြဖို့ အစားသောက်နှင့်

ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ (၇)မျိုးကတော့ ကျီလိ တံဆိပ် ဝက်ခြံနဲ့ အမဲစက်ပျောက်ဆေး ၊ ခိုင်အမ်းလိ တံဆိပ်အစက်အပျောက်ကင်းစင်စေတဲ့လိမ်းဆေး ၊ ဟန့်ဟွာရန့်အောင်ပါး တံဆိပ် အလှကုန် ၊ အက်စ်ကျီထန် တံဆိပ် အသားဖြူ အစက်အပျောက်ကင်း စင်တဲ့လိမ်းဆေး ၊ ဟွယူနန် တံဆိပ် တင်းတိတ်ပျောက်ဆေး ၊ ဟွယူနန် တံဆိပ် အသားဖြူခရင် နဲ့ Specific Eleminating တင်းတိတ် ခရင်တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အဲဒီ (၇) မျိုးအနက် (၆) မျိုးမှာ တရုတ်ဘာသာတွေနဲ့ ဖော်ပြထားပြီး (၁)မျိုးကတော့ ထိုင်ဝမ်နိုင်ငံထုတ်

ဖြစ်ကြောင်းဖော်ပြထားကာ အလှကုန်တွေမှာ ပြဒါးတွေတွေ့ရှိရတယ်လို့ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကဆိုထားပါတယ်။ ပြဒါးဟာ အရေပြားယားယံခြင်း ၊ ရောင်ရမ်းခြင်း ၊ အဖြူအနီကွက်တွေဖြစ်ခြင်း ၊ အရေပြားကတစ်ဆင့် ခန္ဒာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်ခြင်း ၊ ကြွက်သားတုန်ခါခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်း နဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ထုတြ်ပန်ထားပြီး မှတ်တမ်းတင်ထားခြင်းမရှိတဲ့ အလှကုန်ပစ္စည်းတွေ တင်သွင်း ၊

ဖြန့်ဖြူး ၊ ရောင်းချခြင်းတွေ မပြုလုပ်ဖို့နဲ့ လိုက်နာခြင်းမရှိရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားတယ်လို့ ထုတြ်ပန်ချက်မှာဖော်ပြထားပါတယ်။

Credit - 5 Plus News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။