အဆိုတော်နဲ့မော်ဒယ်ဖြစ်သူ ဇာဇာထက်က နယ်ဒေသတွင် သီချင်းသွားဆိုရင်း ဘုရားတစ်ဆူထံ သဒ္ဒါပေါက်လို့ ၀င်ရောက်ဖူးမော်ကာ လှူဒါန်းမှု ပြုလုပ်ခဲ့သော်လည်း အဆိုပါ လှူဒါန်းမှုတွင် အဝတ်အစားပိုင်းဆိုင်ရာ ၀တ်ဆင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခံနေပါတယ်။အဆိုပါ ဝေဖန်မှုကို ဇာဇာထက်ကိုယ်တိုင် အောက်ပါအတိုင်းဖြေရှင်းလိုက်ပါတယ်။

“ကိုယ့်ဘာသာသီချင်းဆိုအပြီးဘုရားဝင်ဖူးရင်းသဒ္ဒါပေါက်လို့လှူတာထမိန်ဝတ်ပြီမှအလှူမြောက်တရ်ခေါ်တာလားငပိန်းတွေရယ်ဒို့ကတော့ရင်ထဲကလာတဲ့သဒ္ဒါတရားကိုအဓိကထားတာမို့ဂရုမစိုက်မိတာပါကွယ် ??♀️ထမိန်ဝတ်မှလုံတရ်ထင်မနေနဲ့ကိုယ့်စိတ်ကိုလုံဖို့အရေးကြီးတရ်,” ဆိုပြီး ဇာဇာထက်က လူမှုကွန်ရရက်ကနေတစ်ဆင် ပြန်လည်ဖြေရှင်းလိုက်တာပါ။

ပြီးခဲ့တဲ့ (၅.၉.၂၀၁၇)တွင်ရွှေတန့်တစ်ဆုတောင်းပြည့်ဘုရားရှိုးပွဲတွင် ၀င်ရောက်ဖျော်ဖြေပြီး နောက်အဆိုတော်ဇာဇာထက်ကလှူဒါန်းမှုပြုလုပ်ခဲ့ကြောင်းကို အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။“ဒီနေ့ရွှေတန့်တစ်ဆုတောင်းပြည့်ဘုရားမှာရှိုးဆိုအပြီးရွှေတန့်တစ်ဘုရားကိုဝင်ဖူးရင်းကွယ်လွန်သူမိခင်ကြီးအားရည်စူးပြီးနားကပ်တစ်ဖက်ကိုရွွှေတန့်တစ်ဘုရားမှာလှူဒါန်းခဲ့ပါတရ်ရှင့်”လို့ဆိုထားတာပါ။အဆိုပါလှူဒါန်းမှုတွင်အဝတ်အစားပိုင်းဆိုင်ရာဝေဖန်မှုအတွက်ဇာဇာထက်ကအခုလိုပဲတုန့်ပြန်ခဲ့ပါတယ်။“ဘာတင်တင်ဆဲ/လိုက်ဝုန်းနေတဲ့အလုပ်မရှိအကိုင်မရှိဖေ့ဘွတ်ဂျုတီစောင့်တွေရေသူများတွေတင်တဲ့ပို့စ်တွေကိုဆဲရင်းဝုန်းရင်းနဲ့အချိန်တွေပုတ်ပြီးသေသွားအုံးမရ်ရှင့်” လို့ဆိုထားတာပါ။

Aung

ဇာဇာထက်လူမှုကွန်ရက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။