ကဲ ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ Myanmarload ကနေ ယခုလတ်တလော လူမှုကွန်ယက်ပေါ်မှာ လူပြောများ ရေပန်းစားနေတဲ့ အနုပညာရှင် အမျိုးသားငါးဦးကို ဖော်ပြပေးမှာဖြစ်ပါတယ်။

(၁) မိုကီရာဆာကီဝင်း- မြန်မာပြည်မှာ မွေးဖွားပြီး ဂျပန်ပြည်မှာ ကြီးပြင်းခဲ့တဲ့ မိုကီရာဆာကီဝင်းကတော့ မြန်မာမိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံခြင်းကို အထူးခံရသူဖြစ်ပါတယ်။ ချစ်စနိုးနဲ့ "အဝင်း" လို့ပရိသတ်တွေကခေါ်ကြပြီး လက်ရှိမှာတော့ ရန်အောင် အောင်ရဲလင်း ဝတ်မှုန်ရွှေရည်တို့နဲ့အတူ "ဇာတိမြေ" ဆိုတဲ့ ဇာတ်ကားကြီးကို ဂျပန်ပြည်မှာရိုက်ကူးနေပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့ ပုံစံလေးတွေ မြန်မာစကားပြောတဲ့အသံလေးတွေ သွားလေးတွေနဲ့ မျက်လုံးလေးတွေကို ချစ်ပါသတဲ့လေ......

(၂) ဆန်းသူအောင်- ယခု ပူပူနွေးနွေး ဝန်းရံခံနေရတဲ့ Key လေးပါ။ Galaxy Star ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ပင်ကိုယ်အသံ စကားပြောဟန်နဲ့ ကြင်နာတတ်တဲ့ ပုံစံလေးတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံခြင်းကို ခံရသူဖြစ်ပါတယ်။ Galaxy Star ရဲ့ first runner up ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူဖြစ်ပြီး လက်ရှိမှာတော့ ရေပန်းအစားဆုံး အဆိုတော် တစ်ဦးဖြစ်ပါတယ်။

(၃) နေမင်းအိမ်- ကြီးကျယ်ခမ်းနားတဲ့ အသံပိုင်ရှင် နိုင်ငံကျော်အဆိုတော်တွေကပင် ချီးကျူးအားကျမိတယ်လို့ ပြောခြင်းကိုရရှိထားတဲ့ နေမင်းအိမ် ဖြစ်ပါတယ်။ Galaxy Star ရဲ့ Winner ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ရရှိခဲ့ပြီး အသံပါဝါအားကောင်းမှု သီချင်းသီဆို စီးမျောနိုင်စွမ်းကောင်းမှုတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

(၄)စောအယ်စေးမှူး- သူကလည်း Galaxy Star ရဲ့ အရည်အချင်းရှိတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ Top 5 အထိ တက်လှမ်းနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အထူးဝန်းရံခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ စေးစေးလို့ ခေါ်ကြပြီး ချောမောတဲ့ ရုပ်ရည်နဲ့လိုက်ဖက်တဲ့ အသံချိုချိုကြောင့် ပရိသတ်တွေ အုတ်အုတ်သဲသဲ ဝန်းရံခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ 

(၅) ဟန်လင်းနိုင်- ပရိသတ်တွေကြားမှာတော့ Marco လို့ နာမည်ကြီးပြီး သူကလည်း Galaxy Star ရဲ့ Top 10 စာရင်းဝင်တစ်ဦးဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပြီး ဝါသနာကို အရင်းခံကာ Top 10 ထိ တက်လှမ်းနိုင်ခဲ့တဲ့ Marco ကလည်း Mars Fan တွေရဲ့ တခဲနက် ဝန်းရံခံနေရတဲ့ အဆိုတော် တစ်ဦးပဲဖြစ်ပါနယ် ပရိသတ်ကြီးရေ....

Photo Source: Celebrities' facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။