အချိန်ကာလကြာရှည်စွာပရိသတ်တွေလက်ခံအားပေးခြင်းကိုအပြည့်အဝပိုင်ဆိုင်ထားတဲ့ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်မြတ်ကေသီအောင်ကတော့ရင်ထဲထိရှိစေတဲ့ စကားလုံးတွေကို အခုလိုရင်ဖွင့်ပြောကြားလိုက်ပါတယ်။ သူပြောတာကတော့ “မိန်းမတယောက် သူ့ခြေတောက်ပေါ် သူရပ်နိင်တာ...?ဘေးလူတွေရဲ့ အမြင်မှာ အရမ်းတော်တယ်လို့ မြင်နိင်ပေမဲ့…”ဆိုပြီး ပြောလိုက်တာဖြစ်ပါတယ်။ 

“အထင်နဲ့ အမြင်

မိန်းမတယောက် သူ့ခြေတောက်ပေါ် သူရပ်နိင်တာ...ဘေးလူတွေရဲ့ အမြင်မှာ အရမ်းတော်တယ်လို့မြင်နိင်ပေမဲ့သူဘယ်လောက် ရုံးကန်နေရလဲ ဘယ်သူမှ မသိနိင်ပါဘူး.မိန်းမတယောက် သူ့အလုပ်မှာ အရမ်းအောင်မြင်နေရင်...ဘေးလူတွေရဲ့ အထင်မှာ အရမ်းအားကြဖို့ကောင်းလိုက်တာလို့ ထင်နေပေမဲ့ သူ့အလုပ်ထဲမှာ ဘယ်လောက် သီးခံ ပြီး လူတွေအားလုံးနဲ့ တည့်အောင်နေရလဲဆိုတာ ဘယ်သူမှမသိပါဘူး.မိန်းမတယောက် ပိုက်ဆံတွေ အများကြီးကို တယောက်ထဲ ကိုင်သုးံနေတာကိုမြင်တဲ့အခါ ပြည့်စုံပြီလို့ထင်တတ်ကြပေမဲ့ နောက်ကွယ်မှာသူ့ဘဝအတွက် ဝေပုံကြလေးခွဲပြီး စုဆောင်းနေရတာ ဘယ်သူမှ မသိခဲ့ပါဘူး.မိန်းမတယောက် လှလှပပလေးဝတ်ပြီး အလုပ် လုပ်နေရတာ မြင်တဲ့အခါဘာမှ မပင်ပမ်းပဲ သက်သာလိုက်တာလို့ မြင်တတ်ကြပေမဲ့ နေပူပူ မိုးရွာရွာ ပျော်ပျော်မပျော်ပျော်အလုပ်တခုလိုအဲ့အဝတ်တွေကိုဝတ်နေရတဲ့ကိုယ့်ဒုက္ခကိုဘယ်သူမှမသိနိင်ပါဘူး.မိန်းမတယောက်ထဲဘယ်သူမှအားကိုးစရာမလိုပါဘူး.အရာရာကို ဦးဆောင်နိင်တယ်လို့ ကြွေးကြော်နေပေမဲ့..အဆင်မပြေစရာတွေ ရှိလာတဲ့အခါ တယောက်ထဲ စကားတွေပြောပြီး ငိုကြွေးခဲ့ရတဲ့ အချိန်တွေ ဘယ်သူမှ မမြင်ကြပါဘူး.မိန်းမတယောက်ထဲမို့ ယောက်ျားတွေကြားရင်ဘောင်တန်း ကိုယ့်ကိုမစော်ကားရဲအောင် ကြမ်းသင့်တဲ့နေရာကြမ်း ရောသင့်တဲ့နေရာရောနဲ့ ဘဝကို ရှေ့ဆက်ကြရတဲ့ မိန်းမတွေဟာ လူတွေအားလုံး ရဲ့ အထင်နဲ အမြင်မှာ အကောင်းအဆိုး အမြဲ ပြောခံနေတတ်ကြတဲ့ သူတွေပါ.တကယ်တော့ တယောက်ထဲ ရုန်းကန်နေရတဲ့ မိန်းမတွေရဲ့ဘဝကိုတကယ်နားလည်တဲ့သူဘယ်သူမှ မရှိပါဘူးသိပ်နားလည်ပါတယ်လို့ပြောဖူးကြတဲ့သူတွေကလည်း နောက်ဆုံးမှာ သူတို့အတွက်ပဲ သူတို့စဉ်းစားကြတာပါ.တကယ်နားလည်တဲ့ သူတွေရှိခဲ့ရင်လည်း သူတို့ဘဝဟာ တယောက်ထဲဖြစ်စရာ အကြောင်းဘယ်ရှိပါတော့မလဲ.”

အဆိုပါစကားရပ်အပေါ်အနုပညာရှင်အေးဝတ်ရည်သောင်းကိုယ်တိုင်“မရေထိတယ်”လို့ပြောကြားခဲ့သလိုမြတ်ကေသီအောင်ကိုယ်တိုင်က“ကိုယ်တွေအကြောင်းကိုယ်ကလွဲရင် ဘယ်သူပိုသိနိင်မလဲ ညီမရေ” လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ပရိသတ်ကြီးရေ..မိန်းမတွေရဲ့ဘဝက တကယ်ဆို သနားဖို့ကောင်းလှပါတယ်လေ…

Aung

မြတ်ကေသီအောင်ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။