လေးဖြူကိုတော့ ပရိသတ်တွေကိုမိတ်ဆက်ပေးစရာမလိုအပ်တော့ဘူးထင်ပါတယ်။အကိုကြီးအငဲပြောသလို အစွဲအလမ်းကြီးတယ်ပြောရမလားရှေးဆန်တယ်ပြောရမလားမသိဘူးဗျာ ICမှ ICပဲဆိုတဲ့ ပရိသတ်တွေအတွက် လေးဖြူရဲ့ "ဒါအချစ်လား"ဆိုတဲ့တေးစီးရီးလေးကတော့ပရိသတ်ရှေ့ရောက်ရှိလို့လာပါပြီ။သီချင်းတွေက ပရိသတ်တွေအတွက် ခံစားချက်တွေအတွက် ပေါ့။

အိုင်းရင်းခရော့အဖွဲ့ ကိုလေးဖြူသီချင်းတွေကို ဂန္တာရလမ်းကနေ ခုထွက်ထားတဲ့အထိ သီချင်းတွေက ပရိသတ်တွေ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့တာပါ။ပရိသတ်တချို့ကလည်း ယခုလိုတေးသီချင်းအသစ်တွေထွက်ရှိတဲ့ အပေါ်ပျော်ရွှင်နေကြပါတယ်။သီချင်းကောင်းများစွာကို သီဆိုခဲ့တယ့်ကိုလေးဖြူရဲ့ပရိသတ်တွေကတော့ အားပေးဖို့အသင့်လို့ထင်ပါတယ်ဗျာ။

ဂီတလောကရဲ့အောင်မြင်မှုသက်တမ်းကလည်း မနည်းဘူးခဗျ။မြန်မာနိုင်ငံတင်မကပါဘူး အာရှမှာတောင်စရင်းဝင်တဲ့ အတီးအခက်ပညာရှင်တွေကလည်းဒီအဖွဲ့ရဲ့အားတခုပါ။လေးဖြူပရိသတ်တွေအနေနဲ့ ယခုထွက်တဲ့ "ဒါအချစ်လား"တေးစီးရီးလေးရဲ့ တေးသံတွေကိုနားဆင်ဖို့ လက်မနှေးကြဖို့တိုက်တွန်းချင်ပါတယ်။တေးစီးရီးလေးကတော့ 9.9.2017မှာထွက်မယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ်-လေးဖြူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။