လစ်ဒ် ဂစ်တာ တီးရာမှာ အာရှမှာ နံပါတ်တစ်ဘုရင်အဖြစ်စာရင်းဝင်တဲ့ သူတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ ချစ်စမ်းမောင်ကိုတော့ မသိတဲ့သူမရှိသလောက်ပါပဲ။

သူ့ရဲ့မျိုးဆက်သစ် သမီးဖြစ်သူ ငဲငယ်ကတော့ အိပ်မက်နဲ့ စိတ်ဓာတ်ဆိုတဲ့ တစ်ကိုယ်တော်စီးရီးခွေထွက်ရှိထားပြီးချစ်စမ်းမောင်ကိုယ်တိုင်လည်း သီချင်းတစ်ပုဒ်ကို သမီးဖြစ်သူနဲ့အတူ ပါ၀င်သီဆိုထားတာပါ။

Iron Cross အဖွဲ့ရဲ့ မရှိမဖြစ်ဂစ်တာသမားတစ်ယောက်ဖြစ်တဲ့ ချစ်စမ်းမောင် ကတော့ အတီးမှာလုံးဝဆရာကျတဲ့ သူတစ်ဦးဖြစ်တာကြောင့် IC ရဲ့ သီချင်းကောင်းတွေမြိုင်ဆိုင်စေတဲ့ သူ့ရဲ့အခန်းကဏ္ဍကလည်း အရေးပါလှတာပါ။

ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ ငဲငယ်လေးဟာ အသံပါ၀ါကောင်းပြီး ကိုယ်တိုင်တီးကိုယ်တိုင်ဆိုတဲ့ သူမရဲ့သီချင်းကောင်းလေးတွေကြောင့် လူမှုကွန်ရက်မှာပါ လူသိများပြီးသားပါပဲ။

လက်တလောမှာတော့ Taylor Swift ရဲ့ Look what you made me do သီချင်းကို Cover ပြန်ဆိုထားတဲ့ သူမရဲ့ သီချင်းသံက အွန်လိုင်းမှာပါ လူပြောများလျက်ရှိပါတယ်။

တေလာဆွစ် ဆိုသွားတာထက် မသာရင်တောင်မှ လျော့မသွားပဲ သူ့ကိုယ်ပိုင်ဟန်နဲ့သီဆိုပြထားတာ အရမ်းမိုက်ပါတယ်။

ပရိသတ်တွေလည်း နားဆင်ကြည့်ပါဦး ။ 

Source : Ngal Ngal Lay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။