ရွှေထူးတို့စုံတွဲ ရိုက်ထားတဲ့ စုံတွဲဓါတ်ပုံလေးတွေနဲ့ ရွှေထူးတို့ စုံတွဲ မင်္ဂလာ သတင်းကြားရတော့မှာလား။

ပြည်သူချစ် တေးသံရှင် ရွှေထူူးပာာ သူ့ရဲ့ ချစ်သူ ယမင်းဦး နဲ့အတူ ရည်းစားသက်တမ်း ၅နှစ်ပြည့် အမှတ်တရ ဆိုပြီး Couple Photos(စုံတွဲ ဓါတ်ပုံ) လေးတွေရိုက်ခဲ့ပါတယ်။ရိုက်တဲ့ နေရာကတော့ Cafe Sovico ဖြစ်ပါတယ်။သူတို့နှစ်ဦးပာာ ၅နှစ်ကြာအချစ်ကို Long Distance Relationship ဖြစ်နေသော်လည်း၊(ဝေးကွာနေသော်လည်း) သူတို့နှစ်ယောက်ကြားမှာရှိတဲ့ နားလည်မှု ဆိုတဲ့ သံယောဇဉ်လေး နဲ့ ချည်နှောင်ထားပါတယ် လို့ရွှေထူးကပြောပါတယ်။

၅ နှစ်ကြာတွဲလညသော်လည်း ဝေးကွာနေသောကြောက့် ၄လမျှသာ တွေ့ရသေးကြောင်းလည်းပြောပါတယ်။ကျွန်တော်တို့ ပြတ်လိုက် တွဲလိုက်ပါပဲ ဒါပေမဲ့ ကျွန်တော်ကောင်း လို့ မပာုတ်ဘူး သူကျွန်တော် အပေါ်မှာကောင်း လို့ ဒီလောက်ကြာတဲ့ အချစ် ကို တည်ဆောက်နိုင်တာပါ လို့ပြောကြားသွားပါတယ်။ရွှေထူး တို့စုံတွဲ အနေနဲ့ လက်ထပ် ဖို့ အရမ်းစောနေပါသေးတယ် မစဉ်းစားသေးပါဘူး လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။