အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်ကတော့ အသင်း၏ နောက်ခံလူ ဖီဂျံုး၏ အယူခံနှင့်ပတ်သတ်ပြီး လက်လျော့ခဲ့ပါတယ်။ ဖီဂျံုးကတော့ ဥရောပပွဲ၂ပွဲအပယ်ခံထားရတာပါ။ ဂျံူးဟာပြီးခဲ့တဲ့မေလကအေဂျက်နဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာဒိုင်လူကြီးကိုပြောဆိုခဲ့မှုကြောင့်ဥရောပပွဲစဉ်၂ပွဲပယ်ခံခဲ့ရတာပါ။ ဒါကြောင့် ရီးရဲမက်ဒရစ်နှင့် ဥရောပ စူပါဖလားပွဲမှာ မကစားနိုင်ခဲ့ပါဘူး။ 

အဆိုပါ ဥရောပ စူပါဖလားပွဲစဉ်မှာ မန်ချက်စတာယူနိုင်တက်အသင်းက ရီးရဲမက်ဒရစ်အသင်းကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်က လာမည့်အပတ်မှာ ဘေဆယ်အသင်းနှင့် ချန်ပီယံလိဂ် အဖွင့်ပွဲဆော့ရမှာပါ။ မန်ချက်စတာယူနိုင်တက်နောက်ခူံ ဖီဂျံုးက ပွဲပယ်မှုကြောင့် မပါ၀င်ပါဘူး။ ဒါ့ကြောင့် မူပထမက မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ဖီဂျံူးလ်အတွက် အယူခံတင်ခဲ့တာပါ။

ဒါပေမယ့် ယခုအခါမှာတော့ မန်ချက်စတာယူနိုင်တက်အနေဖြင့် ဖီဂျံူးအယူခံအတွက် လက်လျော့လိုက်ပါပြီ။ ဒါကြောင့် ဖီဂျံူးဟာ လာမည့်တစ်ပတ်ဘေဆယ်နဲ့ဥရောပချန်ပီယံလိဂ်အဖွင့်ပွဲကိုလွဲချော်ရတော့မှာဖြစ်ပါတယ်။ ဖီဂျံူးဟာ ယခုရာသီမှာ အင်္ဂလန်အတွက်ရော မန်ချက်စတာယူနိုင်တက်အတွက်ပါ ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ယခု ပရီးမီးယားလိဂ်၃ပွဲပြီးချိန်ထိ ပေးဂိုးမရှိသေးပါဘူး။

Hein 

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။