မန်ချက်စတာယူနိုင်တက်အသင်း၏ ကွင်းလယ်လူ ဟာရဲရားက လာမည့်စတုတ်စီးတီးနှင့်ပွဲအတွက် ပူပန် စိုးရိမ်နေပါတယ်။ စတုတ်စီးတီး၏အိမ်ကွင်းက နာမည်အရမ်းကျော်ကြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုအနေအထားက ပြင်းထန်လို့ပါ။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အန် ဒါဟာရဲရား က လာမယ့် အပတ် မှာ ယှဉ်ပြိုင် ကစားရမယ့် စတုတ် စီးတီး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ရာသီဥတုကောင်းမွန် ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုသွားခဲ့ပါ တယ် ။

စတုတ် စီးတီး အသင်းဟာ အိမ် ကွင်းမာကျောတဲ့ အသင်းတစ်သင်းဖြစ်ပြီး ယူနိုက်တက် တို့ စတုတ် ကွင်းမှာ အနိုင် မရရှိခဲ့တာ ၂၀၁၃ ခုနှစ် ကတည်းကဖြစ် ပါတယ် ။ လက် ရှိအချိန် မှာ ပေးဂိုးမရှိ ၊ ပွဲတိုင်း အနိုင် ရရှိကာ ပုံစံကောင်းပြသထားနိုင် ခဲ့ပေမယ့် စတုတ် စီးတီး နဲ့ ပွဲ ကို အထူးအာရုံစိုက် ကစားသွားရမှာဖြစ်ကြောင်း ဟာရဲရားက ပြောဆိုသွားခဲ့ပါတယ် ။ ဟာရဲရားက “ပရီးမီးယားလိဂ် ဟာ တကယ့် ခရီးရှည်ကြီးပါ ။ အသင်းတိုင်းက ကိုယ့်ကို အနိုင် ယူနိုင် စွမ်းရှိပါတယ် ။ အခု ကျွန်တော်တို့ စတုတ် နဲ့ ရင် ဆိုင် ရမှာပါ ။ သူတို့ ကွင်းမှာ အနိုင် မရခဲ့တာ ၄ ရာသီ ရှိပါပီ ။ ကျွန်တော်တို့ အခု နှစ် မှာ အဖွင့် လှခဲ့တာ မှန် ပါတယ် ၊ ဒါပေမယ့် ဒီအတွက် သာယာနေလို့ မဖြစ် သေးပါဘူး” လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟာရဲရားက ဆက်လက်၍ “စတုတ် နဲ့ ရင် ဆိုင် ဖို့ အသင့်ပါပဲ ။ ရာသီဥတုလည်း ကောင်းနေဖို့ မျှော် လင့်ပါတယ် ။ မိုးအရမ်းမရွာဖို့ပေါ့ ။ ဘာလို့လည်းဆိုရင် ရာသီဥတု မ ကောင်းတဲ့ အခါတွေမှာ စတုတ် ကွင်းမှာ ကစားရတာ အရမ်းခက် လို့ပါပဲ ။ ပရိသတ်တွေရဲ့ အားပေးမှုကလည်း ပြင်းထန် တဲ့ အ ငွေ့အသက်တွေ ကိုဖြစ် စေပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဘက် ကလည်း သူတို့ထက် သာလွန်ကောင်းမွန် တဲ့ စိတ် ဓါတ်တွေနဲ့ ယှဉ်ပြိုင် သွားမှာပါ ။ ဒီရာသီမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ် ချန် ပီယံဆုအတွက် တိုက် ပွဲဝင် မှာပါ ။ ကျွန်တော်တို့ ဘယ် သူ့ကိုမှ ကြောက် ရွံ့နေမှာမဟုတ် ပါဘူး ။ ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက် ပါ” လို့ ပြောကြားခဲ့ပါတယ်။

Hein

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။