ဟာရီကိန်းမုန်တိုင်း Irma ဖြတ်သန်းမယ့် လမ်းကြောင်းမှာ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ဗာဂျင်းကျွန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ စိန့်သောမတ်စ် မှာတော့ လူတွေဟာ သူတို့အိမ်ခေါင်မိုးတွေလုံပါစေလို့ ဆုတောင်းနေရပါတယ်။ ထို့အတူပဲ ပေါ်တာရီကို ကျွန်းမှာနေထိုင်ကြတဲ့ လူတွေအနေနဲ့ လျှပ်စစ်မီး ၄လ ကနေ ၅လ ခန့်ထိ ပျက်တောက်မှာကြောင့် ကြိုတင်ပြင်ဆင်နေရပါတယ်။ ဟာရီကိန်း Irma ဖြတ်သန်းမယ့် လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ ကာရစ်ဘီယံ ကျွန်းဒေသတွေမှာလည်း အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူးနေ့ တွေမှာ လူထုအကြား စိုးရိမ်မှုတွေမြင့်တက်နေတာပါ။

ဟာရီကိန်းမုန်တိုင်း Irma ဟာ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်လာနိုင်တယ်လို့လညး် ခန့်မှန်းနေကြတာပါ။ အေပီ သတင်း ဌာနက ကြေညာ တဲ့သတင်းတစ်ပုဒ်မှာ တော့ မုန်တိုင်းဟာ ရဲစခန်းတစ်ခုရဲ့ အမိုးကို လွင့်ထွက်သွားစေခဲ့ပြီး အနီးအနားမှာ ရှိတဲ့ မီးသတ်ဌာန ကိုအပြေးအလွှားခိုလှုံရတဲ့ သတင်းကိုထုတ်လွှင့်သွားတာပါ။ မုန်တိုင်း လမ်းကြောင်းတစ်လျှောက် မှာရှိတဲ့ ပြည်သူတွေ အနေနဲ့ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ထုတ်လွှင့်သွားပါတယ်။

အမေရိကန်သမ္မတ ထရန့်ကတော့ ဖလော်ရီဒါ၊ ပေါ်တာရီကို နဲ့ ဗာဂျင်းကျွန်းတို့ကို အရေးပေါ်အခြေအနေထုတ်ပြန် ထားပါတယ်။ အမေရိကန် ပြည်သူတွေ အနေနဲ့ မုန်တိုင်း သတင်းကိုအမြဲနားစွင့်ကြဖို့၊ မုန်တိုင်းအန္တရယ် သတိပေးနိုးဆော်ချက် တွေကိုလိုက်နာကြဖို့ သတိပေးထုန်ပြန်ထားပါတယ်။ အမေရိကန် ရေတပ်အနေနဲ့ လည်း ဆေးဝါးကျွမ်းကျင်ဝန်ထမ်းများ ပါ၀င်တဲ့ ဆေးရုံသင်္ဘောတစ်စီး ကို ဖြန့်ကျပ်ချထားဖို့ အဆင်သင့်ဖြစ်နေပါတယ်။

Source: The Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။