မိုနာကိုအသင်း၏ နာမည်ကျော်လူငယ်တိုက်စစ်မှူး ဘာပေးက ယခုအခါပီအက်စ်ဂျီသို့ပြောင်းသွားခဲ့ပါပြီ။ ဘာပေးအနေဖြင့် ပြောင်းရွှေ့ကြေး ဒုတိယအမြင့်ဆုံး ကစားသမားဖြစ်လာပါပြီ။ ဘာပေးကိူ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကိုယ်တိုင် ပြင်သစ်မှာ ဘာပေးနှင့် လူတွေ့ လာဆွေးနွေးခဲ့ပါတယ်။

ဘာပေးက အာစင်ဝင်းဂါးနှင့်တွေ့ဆုံခဲ့တာနှင့်ပတ်သတ်ပြီး '' ဟုတ်ပါတယ် ၊ ကျွန်တော် နာမည်ကျော်နည်းပြကြီး အာဆင်ဝင်းဂါးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ သူဟာ ပြင်သစ်မှာတော့ ဂုဏ်သတင်း ကြီးမားတဲ့ နည်းပြအဖြစ် ရှိနေပြီး ပရိသတ်တွေရဲ့ လေးစားမှု အပြည့် ရရှိနေတဲ့ နည်းပြတစ်ဦးပါပဲ ။ ဒါ့အပြင် လူငယ်ကစားသမားတွေကို တိုးတက်အောင် ဘယ်လို လမ်းညွှန်ရမလဲဆိုတာ ကောင်းကောင်း နားလည် ကျွမ်းကျင်ပါတယ် '' လို့ ဘာပေးက ပြောကြားခဲ့ပါတယ် ။ အဲ့ဒီတုန်းက ကျွန်တော်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ အခွင့်အလမ်း ရရှိခဲ့ပါသေးတယ် ။ ဒါပေမယ့် ကျွန်တော့အတွက်တော့ PSG ဟာ ပထမဦးစားပေး ဖြစ်ခဲ့ပါတယ် '' လို့ ဘာပေးဟာ ထပ်မံပြောကြားသွားခဲ့ပါတယ် ။

ဘာပေးဟာ ငယ်စဉ်တုန်းက PSG ကို အားပေးခဲ့တဲ့ ပရိသတ် တစ်ဦး ဖြစ်ခဲ့တာကြောင့်လည်း အခုလို ပြောင်းရွှေ့လာဖို့့ အလွယ်တကူ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဘာပေးက '' ဒီမှာ ရှိနေတာကတော့ ကျွန်တော့်အတွက် အိမ်ပြန်ရသလိုပါပဲ ၊ ကျွန်တော် ငယ်စဉ် ကလေးဘဝထဲက ဒီကွင်းကြီးထဲကို ပွဲကြည့်ဖို့ မကြာခန လာရောက်ခဲ့ဖူးပါတယ် ။ ကျွန်တော်တို့ အတွက် ကတော့ ကမ်းလှမ်းမှုတိုင်းအတွက် အကျိုး ၊ အပြစ်တွေကို ခွဲခြားချင့်ချိန်ခဲ့ရပါတယ် ။ ကျွန်တော့် မိသားစုကတော့ ဒီကိစ္စဟာ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် အပိုင်း ဖြစ်တယ်လို့ ပြောကြားခဲ့ကြပြီး တစ်သင်းကိုသာ ဆုံးဖြတ်ချက် မှန်ကန်စွာ ရွေးချယ်လို့ ရမယ်လိမ့်မယ်လို့လည်း သတိပေးခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ အတော်လေးကို အချိန်ယူ စဉ်းစားလိုက်ရပါတယ် ။ ဒါဟာ ကျွန်တော့်အပေါ်ပဲ အဓိက မူတည်နေတာကြောင့် ကျွန်တော်ဟာ ပိုမို တိုးတက်မှုကို ရှာဖွေရရှိဖို့အတွက် PSG ကို ပြောင်းရွှေ့လာခဲ့ရတာပဲ ဖြစ်ပါတယ် “ လို့ ဘာပေးကပြောကြားခဲ့တာပါ။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။