လူတွေဟာအမှားများနဲ့မကင်းပါဘူး။သို့ပေမယ့် မိမိရဲ့ပေါ့ဆမှုကြောင့် ရရှိလာတဲ့ရင်သွေးလေးကိုတော့ တာဝန်မယူတဲ့အမှားကတော့ လူ့အသိုင်းအဝိုင်းမှာ ရှက်စရာကောင်းလှပါတယ်။ကိုယ့်အမှားကနေ ရရှိလာခဲ့တယ့် ရင်သွေးတွေကို တာဝန်မယူချင်သဖြင့် စွန့်ပစ်ကြတဲ့ မိဘဦးရေတော်တော်များများ လူ့ပတ်ဝန်းကျင်မှာတွေ့မြင်နေရပါပြီ။တကယ်စိတ်မကောင်းစရာသတင်းတွေပါ။ 

ရင်သွေးငယ်ရဲ့ ဖခင်ဖြစ်သူဟာ ဖိလစ်ပိုင်နိုင်ငံ ILocos Norte ဒေသမှာနေထိုင်တာဖြစ်ပါတယ်။သူရဲ့နာမည်ကတော့ Francis Palacioလို့သိရပါတယ်။ဖခင်ဖြစ်ခဲ့သူဟာ လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ်သေးပါတယ်။Francis Palacio ဟာမိမိကလေးအရင်းကို အမျိုးသမီးတစ်ဦးဆီမှာ ပီဆိုငါးထောင်ခန့်နဲ့ ရောင်းချခဲ့တယ်လို့သိရပါတယ်။ကလေးငယ်ရောင်းချရသောငွေကို Francis Palacio ဟာ မော်တော်ဆိုင်ကယ်တစ်စီးဝယ်ယူခဲ့တယ်လို့သိရပါတယ်။ 

Palacio ဟာ ထိုရင်သွေးငယ်ကို သူနဲ့အတူဖော်ဖြစ်တဲ့ Lanalyn Bituin ဆိုသူ အမျိုးသမီးနဲ့ ရရှိခဲ့တာဖြစ်ပြီး ကိုယ့်ရဲ့ရင်သွေးကို ပြုစုစောင့်ရှောက်ရမယ့်အစား အခုလို ရက်ရက်စက်စက် ရောင်းချခဲ့လိုက်တာပဲဖြစ်ပါတယ်။ယခုကိစ္စကို Palacio ဟာ Lanalyn Bituin ကိုမပြောဘဲ စီစဉ်ခဲ့တာလို့လည်းသိရပါတယ်။ 

သတင်းအရင်းအမြစ်-Thit Htoo Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။