ပြည်သူ့အချစ်တော် မအေးသောင်းဟာ သူမရဲ့ ပရိသတ်များနဲ့ အလုပ်လိုချင်နေတဲ့ လူငယ်များအတွက် သတင်းကောင်းတစ်ခုပါးလိုက်ပါတယ်။ အဲ့ဒါကတော့ နိုင်ငံတကာအဆင့် “အရောင်းဝန်ထမ်းပညာ” အခမဲ့သင်တန်း အကြောင်းဖြစ်ပါတယ်။ ထို သင်တန်းကိုတော့ OMDG မှ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကြေး “အခမဲ့” လို့ သိရပါတယ်။

သင်တန်းကို စက်တင်ဘာ(၄)ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး တစ်ပတ်ကို (၁)တန်း ဆက်တိုက်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ ပညာအရည်အချင်း(၉)တန်းမှ စတင်တတ်လို့ရပြီး သင်တန်း(၁)တန်းကို လူဦးရေ(၂၀)သာလက်ခံထားတယ်လို့ သိရပါတယ်။ သင်တန်းတစ်ခုရဲ့ကာလမှာ (၁၀)နာရီဖြစ်ပြီး နယ်မှလာမယ့် သင်တန်းသားများအတွက် အဆောင်ဌားပေးမှာဖြစ်ပြီး တစ်ပတ်စာ(၁၅၀၀၀) ကျပ် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းပြီးရင်တော့ OMDG မှထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှာဖြစ်ပြီး မှတ်တမ်းထားရှိရန်နှင့် လုပ်ငန်းရှင်များကအကဲဖြတ်ဖြတ်ရွေးချယ်နိုငိစေရန်ဟူသော သီးသန့်ရည်ရွယ်ချက်ဖြင့် ရိုက်ကူးမယ့် ဗီဒီယိုကိုယ်ရေးမှတ်တမ်းမှာလည်း ပါဝင်ခွင့်ရရှိမယ်လို့လည်း သိရပါတယ်။ အလုပ်ရရန် သင်တန်းပြီးရင် အရောင်းဝန်ထမ်းခေါ်ယူရန် ကမ်းလှမ်းထားတဲ့ လုပ်ငန်းရှင်များနဲ့ ချိတ်ဆက်ပေးရန် ဗီဒီယိုကိုယ်ရေးမှတ်တမ်း ရိုက်ကူးပေးမှာဖြစ်ပြီး လစာကတော့ အလုပ်ရှင်နဲ့ အလုပ်အကိုင်ပေါ် မူတည်ပြီး (၁)သိန်းခွဲ နဲ့ အထက်ရရှှိမယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။