မြန်မာ့စီးပွားရေးလောကရဲ့ အထင်ကရ တစ်ဦးဖြစ်တဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူဟာ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင် မိန်းမ နဲ့ ကလေးတွေရှိရာကို ပေါင်းကူးတံတားအဖြစ်နေပေးမယ်လို့ ဖြေခဲ့ရာက လူမှုကွန်ရက်မှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ဖူးတာ မှတ်မိသေးလားပရိသတ်ကြီး.။

စက်တင်ဘာလ(6)ရက်ကတော့ တစ်ချိန်က ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ နန္ဒာလှိုင် နဲ့ ခင်ပွန်းဖြစ်သူ ဇေသီဟ တို့ရဲ့ (၉)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်က တီဗွီကြော်ငြာလေးတွေမှာ ထက်ထက်မိုးဦးနဲ့အတူ ခေတ်စားခဲ့တဲ့ ကြော်ငြာရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပြီး ဇာတ်ကားပေါင်းများစွာရိုက်ကူးထားတဲ့ အကယ်ဒမီဆုရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။

အိမ်ထောင်ကျပြီးနောက်မှာ အနုပညာအလုပ်တွေနားပြီး အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် ပုခုံး ပြောင်းတာဝန်ယူလိုက်တဲ့ နန္ဒာလှိုင်ကတော့ လက်ရှိမှာ သမီးလေးတွေ(၃)ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပါ။

မိသားစုဘဝလေးကိုပဲ အချိန်ပေးဖြစ်နေတဲ့ နန္ဒာလှိုင်ကတော့ သူမရဲ ့ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်အောင်တော့ လူမှုကွန်ရက်အကောင့်ကနေ မိသားစုပုံရိပ်လေးတွေအမြဲတမ်း ဝေမျှလေ့ရှိပါတယ်။

စက်တင်ဘာလ(6)ရက်ကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာလည်း မနန္ဒာလှိုင် တို့ဇနီးမောင်နှံ ထာဝရအိုအောင်မင်းအောင်ပေါင်းဖက်နိုင်ပြီး မိသားစုဘဝလေး ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေနော်။

ပရိသတ်ကြီးလည်း နန္ဒာ့ကိုချစ်သေးရင် သူမတို့နှစ်ပတ်လည်အတွက် ဆုမွန်ကောင်းခြွေလိုက်ပါဦး ။ 

Source : Nandar Hlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။