ဆောက်သမ်တန်အသင်းရဲ့အကယ်ဒမီဟာ ကြယ်ပွင့်ကစားသမားတွေ ထွက်ပေါ်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေခေါ်ယူဖို့ မျက်စိကျနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့ ကစားသမားတွေထဲမှ ကစားသမားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ဆောက်သမ်တန်အသင်းကနေ ထွက်ခွာခဲ့ပြီး သက်ဆိုင်ရာကလပ်တွေမှာခြေစွမ်းပြသလျက်ရှိနေတဲ့ကစားသမားတွေလည်းဖြစ်ကြပါတယ်။

ဂါရတ်ဘေး (တောင်ပံတိုက်စစ်)

ပွဲပေါင်း- ၄၄ ပွဲ

သွင်းဂိုး- ၅ ဂိုး

ဂိုးဖန်တီးမှု- ၁၂ဂိုး

လက်ရှိကလပ်- ရီးရဲလ်မက်ဒရစ်

လယ်လာနာ(တောင်ပံတိုက်စစ်)

ပွဲပေါင်း- ၂၆၀ ပွဲ

သွင်းဂိုး- ၅၉ ဂိုး

ဂိုးဖန်တီးမှု- ၄၈ဂိုး

လက်ရှိကလပ်- လီဗာပူလ်း

ချန်ဘာလိန်(တောင်ပံတိုက်စစ် )

ပွဲပေါင်း- ၄၃ ပွဲ

သွင်းဂိုး- ၁၀ဂိုး

ဂိုးဖန်တီးမှု- ၉ဂိုး

လက်ရှိကလပ်- လီဗာပူလ်း

ဝဲကော့လ်(တောင်ပံတိုက်စစ်)

ပွဲပေါင်း- ၂၂

သွင်းဂိုး- ၅

ဂိုးဖန်တီးမှု- ဝ

လက်ရှိကလပ်- အာဆင်နယ်

ချန်ဘာ (နောက်တန်း)

ပွဲပေါင်း- ၂၅

သွင်းဂိုး- ဝ

ဂိုးဖန်တီးမှု- ၁ ဂိုး

လက်ရှိကလပ်- အာဆင်နယ်

လုရှော(နောက်တန်း)

ပွဲပေါင်း- ၆၇ ပွဲ

သွင်းဂိုး- ဝ

ဂိုးဖန်တီးမှု- ၂ ဂိုး

လက်ရှိကလပ်- မန်ယူ

ဆောက်သမ်တန်အသင်းရဲ့အကယ်ဒမီကထွက်ပေါ်လာခဲ့တဲ့ကစားသမားကောင်းအချို့ကိုဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအသင်းကြီးအများစုမှာပါဝင်ကစားနေပြီး ခြေစွမ်းပြကစားနေတဲ့သူတွေလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။