ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်တဲ့ ဦးမိုးဒီ

ပြည်သူချစ် သရုပ်ဆောင် ဦးမိုးဒီဆိုတာ သဘင်လောကမှာသာမက သရုပ်ဆောင်လောကမှာပါ အားလုံးကချစ်ခင်လေးစားရတဲ့ သူတစ်ဦးပါ။ အနုပညာလောက တိုးတက်မြင့်မားရေးအတွက် လှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါမှာလည်း တစ်ဖက်တစ်လှမ်းမှ ပါဝင်ခဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာတော့ အသက်အရွယ်လည်းရလာဖြစ်တော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး အလှူ မင်္ဂလာပွဲတွေမှာ ဘိသိတ်မင်္ဂလာအခါတော်ပေးအဖြစ်ဆောင်ရွက်နေပြီး ပရဟိတလုပ်ငန်းများကိုလည်း တနိုင်တပိုင် လုပ်ကိုင်ဆောင်ရွက်လို့နေပါတယ်။ ဒါပေမဲ့………

ဒါပေမဲ့ သူ့ရဲ့ ပရိသတ်တွေကို ဝမ်းနည်းစေမယ့်သတင်းတစ်ပုဒ် ပေါ်ထွက်လာပါတယ်။ ဒါကတော့ ဦးမိုးဒီ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူနေရတယ် ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အနုပညာလောကရဲ့ သမိုင်းတစ်ဦးအဖြစ်တင်စားခံရတဲ့ ဦးမိုးဒီအတွက် အားလုံးက စိတ်မကောင်းဖြစ်နေကြပါတယ်။ သူရဲ့ အနုပညာညီအစ်ကို မောင်နှမတွေကလည်း ဦးမိုးဒီကို လာရောက်တွေ့ခဲ့ကြပါသေးတယ်။

ဒါပေမဲ့ မနေ့ကညနေပိုင်းမှာပဲ ဦးမိုးဒီ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာတယ်ဆိုပြီး ဦးမိုးဒီရဲ့ အပြုံးမျက်နှာနဲ့အတူ ပုံတွေလူမှုကွန်ယက်ပေါ်တက်လာပါတယ်။ ရေးသားပြောဆိုချက်များအရ "နှလုံးသွေးကြောကျဉ်းရေဂါကြောင့် SSC ဆေးရုံကြီးတွင် ဆေးဝါးကုသလျက်ရှိရာ ပရိသတ်များ၏ ဆုတောင်းမေတ္တာပို့သမှုကြောင့် ပြန်လည်ကောင်းမွန်နေပါပြီ" ဆိုပြီး ဦးမိုးဒီရဲ့ ပုံတွေနဲ့အတူ တွေ့ခဲ့ရပါတယ်။

ဦးမိုးဒီရဲ့မိသားစုနှင့်အတူ ပရိသတ်ကြီးလည်း ထပ်တူထပ်မျှ ဝမ်းသားနေကြမယ်ဆိုတာ……

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။