လက်စတာစီးတီးအသင်းကတော့ ရှေ့တစ်နှစ်က အံ့ဖွယ်အဖြစ် အမှတ်ပေးဖလား ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်စတာစီးတီးအသင်း အနေဖြင့် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ရာမှ တိုက်စစ်တွေကောင်းခဲ့တာလည်း ပါ၀င်ပါတယ်။ လက်စတာစီးတီး၏ တိုက်စစ်က မာရက်ဇ်နှင့် ဗာဒီတို့၏ ခြေစွမ်းပြမူတွေက အခရာကျခဲ့ပါတယ်။ တိုက်စစ်မှူး ဗာဒီလည်း နာမည်ကျော်ကြားခဲ့ပါတယ်။ 

ဗာဒီကို ယခုအပြောင်းအရွှေ့မှာ အာဆင်နယ်က ခေါ်ယူကမ်းလှမ်းခဲ့ပါတယ်။ သို့သော် လက်စတာစီးတီးအသင်း တိုက်စစ်မှူးကတော့ ပယ်ချခဲ့ပါတယ်။ သို့သော် ဗာဒီက အနာဂတ်တွင် အသင်းပြောင်းနိုင်ကြောင်း အရိပ်အမြွက်ပြောခဲ့ပါတယ်။ ဗာဒီက "ကျွန်တော်ဖြစ်နိုင်သမျှဖလားတွေအများကြီးရယူလိုပါတယ်။ ကျွန်တော့်အိမ်ကအံဆွဲထဲမှာပရီိးမီးယားလိဂ်ဆုတံဆိပ်တစ်ခုပဲရှိတာမဖြစ်ချင်ပါဘူး။ အခုတော့လက်စတာအတွက်အာရုံစိုက်ထားပြီးကျွန်တော်တို့ဘယ်လောက်မြင့်မြင့်ရောက်နိုင်မလဲဆိုတာကြည့်ရအုံးမှာပါ။ အနာဂတ်ကိုတော့..ဘယ်သူကသိမှာလဲ??” လို့ဆိုခဲ့တာပါ။

ဒါ့အပြင် ဗာဒီက “အာဆင်နယ်ကိုပယ်ချခဲ့တာကျွန်တော့်ရဲ့ရွေးချယ်မှုသက်သက်ပါ။ အဲဒီအချိန်ကအခြားကမ်းလှမ်းမှုတွေရောက်လာရင်လည်းတူတူပဲဖြစ်မှာပါ။ ဒါပေမယ့်အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့လို့အခြားကမ်းလှမ်းမှုတွေကိုလက်မခံတော့တာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့နိုင်ငံရပ်ခြားအတွေ့အကြုံတွေကိုလည်းရယူလိုပါတယ်။ မတူညီတဲ့ယဉ်ကျေးမှုတွေရှိတဲ့နေရာတွေပေါ့။ ကျွန်တော့်ရဲ့အေးဂျင့်နဲ့လည်းဒီအကြောင်းပြောခဲ့ပါသေးတယ်။ ဘာတွေဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်သွားရမှာပါ။" လို့ပြောသွားပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။