အာဖဂန်နစ္စတန် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့က လတ်တလော ရက်ပိုင်းတွင် နိုင်ငံအရှေ့ပိုင်း Logar ပြည်နယ် တွင် မူးယစ်ဆေးဝါး နှိမ်နှင်းရေး ဆောင်ရွက်ရာတွင် ဆေးခြောက် ၁.၂ တန် ကို ဖမ်းဆီး ရမိကြောင်း အာဖဂန်နစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရသိရပါတယ်။သတင်းဖော်ပြမှု များတွင် Logar ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ဆေးခြောက်များ ကို Logar ပြည်နယ် Puli Alam မြို့တွင် ဖမ်းဆီး မိခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဖမ်းဆီး ရမိချိန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ ဟာ ဆေးခြောက်များကို ကုလားအုပ်များဖြင့် အခြားပြည်နယ်ကို သယ်ဆောင်နေခဲ့တာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။အစိုးရ အရာရှိ အနေဖြင့် ယခု မူးယစ်ဆေးဝါး နှိမ်နှင်းရေး တွင် လူမည်မျှ ဖမ်းဆီး ခဲ့သည် ကို မပြောကြား ခဲ့သော်လဲ ဖမ်းဆီးရမိသည့် မူးယစ်ဆေး များအားလုံး ကို ဖျက်ဆီး မည် ဖြစ်ကြောင်းကို ပြောကြား ခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်းများရဲ့အခြေချရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါ့အပြင်အာဖဂန်နစ္စတန် နိုင်ငံ မှာ ကာလတလျှောက်လုံး မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်း များ၏ ဒုက္ခ ကို အလူးအလဲခံနေရတာကြောင့် အစိုးရ မှာ လတ်တလော နှစ်ပိုင်းတွေမှာ ပြစ်ဒဏ်များကို ပိုမို ပြင်းထန်ထိရောက်စွာ ဆောင်ရွက်ခဲ့ပေမဲ့ မူးယစ်ဆေးဝါး ဂိုဏ်များမှာ တက်ကြွစွာ လှုပ်ရှားနေဆဲသာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။